Chapter - 18

13.7K 2.4K 59
                                    

Unicode

ရှန်ယွီကထိတ်လန့်ပြီးပျာယာခတ်နေခဲ့သည်။ဓာတ်လှေကားထဲရောက်တော့သူကသူ့ရဲ့တုန်ယင်နေတဲ့လက်တွေနဲ့အောက်ထပ်ကိုသွားတဲ့ခလုတ်ကိုနှိပ်လိုက်သည်။ဒီလိုမျိုးပြင်းပြင်းထန်ထန်စိတ်ပူမိတာဒီနှစ်ဝက်အတွင်းပထမဆုံးဖြစ်သည်။သူထန်လီကိုချီပြီးအောက်ထပ်ကိုဆင်းကာဆေးရုံကိုပြေးသွားချင်မိသည်။

ဒါပေမဲ့ကံမကောင်းစွာပဲသူအဲ့လိုမလုပ်နိုင်ဘူး။သူ့ရဲ့မသန်စွမ်းတဲ့ခြေထောက်တွေကြောင့်သူထန်လီကိုစိုးရိမ်စွာနဲ့ပဲဖက်ထားနိုင်ပြီးဦးလေးကျန်းစောင့်နေတဲ့ကားပါကင်ဆီကိုစိတ်ပျက်စရာကောင်းတဲ့အမြန်နှုန်းနဲ့သွားနေရုံပဲတတ်နိုင်သည်။တော်သေးလို့ဦးလေးကျန်းကရှန်ယွီဆီကိုခဏအတွင်းရောက်လာခဲ့သည်။

ဦးလေးကျန်းကရှန်ယွီရဲ့အင်္ကျီတွေကြားထဲခေါင်းမြုပ်နေတဲ့ထန်လီကိုတစ်ချက်ကြည့်လိုက်သည်။သူကစက္ကန့်ဝက်လောက်အံ့ဩသွားပြီးနောက်သူကရှန်ယွီဆီကိုလာကာဝှီးချဲကိုတွန်းဖို့အဆင်သင့်ဖြစ်နေခဲ့သည်။

"ခဏနေဦး"

ရှန်ယွီကအော်လိုက်သည်။

"ဦးလေးကျန်း သစ်အယ်သီးလေးကိုကားဆီအရင်ခေါ်သွားလိုက်။"

ဦးလေးကျန်းကဘာမှပြန်မပြောခဲ့ဘူး။သူကခါးကိုင်းလိုက်ပြီးလက်ကိုဆန့်ကာရှန်ယွီရဲ့ရင်ခွင်ထဲကထန်လီကိုချီဖို့ကြိုးစားလိုက်သည်။ဒါပေမဲ့အဲဒီအချိန်မှာပဲထန်လီကရှန်ယွီရဲ့ခါးကိုပိုတင်းတင်းကျပ်ကျပ်ဖက်လိုက်ပြီးသူ့ခေါင်းကိုရှန်ယွီရင်ခွင်ထဲပိုတိုးသွားလိုက်တာကိုဦးလေးကျန်းတွေ့လိုက်ရသည်။

"မသွားချင်ဘူး"

ထန်လီရဲ့အသံလေးကဖယောင်းသားလိုနူးညံ့ပျော့ပျောင်းနေသည်။သူ့အသံလေးကသနားစရာအားနည်းပြီးအကူအညီမဲ့နေပုံပေါ်သည်။ရှန်ယွီကမျက်မှောင်ကျုံ့လိုက်ပြီးနည်းနည်းဒေါသထွက်ကာဘာလုပ်ရမှန်းမသိဖြစ်သွားသည်။သူကထန်လီရဲ့ကျောကိုဖြည်းဖြည်းလေးပုတ်ပေးလိုက်ပြီးနူးညံ့တဲ့အသံလေးနဲ့ပြောလိုက်သည်။

"သစ်အယ်သီးလေး ပြောစကားနားထောင်လေ။ဦးလေးကျန်းနဲ့ကားဆီအရင်သွားနှင့်။ကိုယ်ချက်ချင်းနောက်ကလိုက်လာခဲ့မှာ။ပြီးရင်ဆေးရုံကိုသွားပြီးဘာဖြစ်တာလဲစစ်ဆေးကြည့်ကြမယ်။"

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now