ကျောင်းသွားပြီလို့ပြောရင်း အမေတို့ကိုတာ့တာ့ပြနှုတ်ဆက်ပြီးနောက် ခြံထဲကိုထွက်လာခဲ့သည်။ အမေက ချစ်နိုးနိုင်ရဲ့ စိတ်ဖြစ်တည်မှုကို လက်ခံပေးနိုင်ပါသော်လည်း သားချစ်မေမေပီပီ သူ့သားလေးအတွက် ဟန်သာပိုင်ဆိုသောသူသည် သင့်တော်ပါ့မလာဆိုတာကို တွေးတောစိုးရိမ်နေပုံဖြစ်သည်။ စိုးလည်းစိုးရိမ်သင့်ပါသည်။ ယောကျာ်းမိန်းမချစ်ခြင်းမှာတောင် အပျော်သဘောတွဲကြသည်များရှိရာ ယောက်ျားနှစ်ယောက်၏ ချစ်ခြင်း၌ ထိုသို့်မရှိလာနိုင်ဘူးဆိုတာ ပြောလို့မရပါ။ သို့သော်လည်း noahသည် ကိုယ့်ကိုထိုသို့မလုပ်နိုင်ပါ။ noahရဲ့အချစ်ကို ယုံကြည်သည်။ ထို့ကြောင့် အမေ့ရဲ့ကြည်ဖြူ ခြင်းကို ရလိမ့်မယ်လို့လည်း ယုံကြည်သည်။
ခြံရှေ့ကိုသွားနေရင်းပင် ခြံပြင်၌ကားကိုမှီကာရပ်စောင့်နေသည့် noahကို တွေ့နေရ၏။ noahကလည်း ခြံထဲကိုပဲကြည့်နေတာကြောင့် noahအားတာ့တာ့ပြကာခြေလှမ်းတွေကို ပိုသွက်လိုက်ပြီး ကားအနားကိုအပြေးသွားလိုက်မိ၏။ noahအားကိုရောက်တာနှင့် ခါးကိုဖက်ကာ ရင်ခွင်ထဲပါးအပ်လိုက်မိသည်။
“ကိုယ့်ချစ်နိုးလေး”
Noahက ခါးကိုပြန်ဖက်ပြီး ခေါင်ကိုနမ်းရှိုက်ပေးသည်။
“ဒါဆို naohနဲ့ ထမင်းစားဆင်းရင်မတွေ့ရတော့ဘူးပေါ့နော်”
noahမျက်နှာကိုမော့ကြည့်မေးတော့ ပါးကို ဖွဖွဆွဲလာသည်။
“ချစ်နိုးလေးပြောသလို သူ့ကတိငါ့ကတိလေ၊ ကိုယ်တို့အချစ်ကို အမေက လက်မခံသေးဘူးလေ၊ ဒါကြောင့်မို့ ကိုယ်ကချစ်နိုးကို ကိုယ့်ဘဝတစ်လျှောက်စောင့်ရှောက်နိုင်ကြောင်း၊ ကိုယ့်ကိုယုံယုံကြည်ကြည်နဲ့ အပ်နိုင်ကြောင်းပြချင်တာ”
“အင်း၊ ချစ်န်ုးလည်း စာကြိုးစားမယ်”
“လိမ္မာတယ်၊ လာ ကျောင်းသွားစို့”
“ဟုတ်၊ ဆိုင်ကယ်နဲ့မဟုတ်ဘူးလား”
noahကိုယ်တိုင် ကားတံခါးဖွင့်ပေးသည့်ဘက်ကို ဝင်ထိုင်ရင်းမေးလိုက်သည်။ noahက မဖြေသေးဘဲ မောင်းသည့်ဘက်ကိုအရင်သွားဝင်ထိုင်သည်။
ထိုင်ပြီးမှ ကိုယ့်ဘက်ကိုလှည့်ကာ ခါးပတ်ပတ်ပေးရင်း......