အဆိုးဆုံးကတော့ Xiao Zhanဖြစ်လိမ့်မည် တောင့်တောင့်ကြီးဖြစ်နေသည်မှာ အသက်မရှူမှာကိုတောင် စိုးရိမ်ရလေသည်။

အ အခု ကျွန် ကျွန်တော် မြင်နေတာ မမှားဘူးမလား။ သူ သူက ကျွန်တော် သိပ်ချစ်ရတဲ့ ခလေးလေးမလား။ အရင်လို ထိလိုက်ရင်ပျောက်သွားမဲ့ ပုံရိပ်ယောင် မဟုတ်ဘူးမလား။

နူးနူးညံ့ညံ့အကြည့်လေးအစား စူးရှရှအကြည့်တို့ အစားထိုးနေတာကလွဲလို့၊ လွတ်လပ်ပေါ့ပါးတဲ့ ခလေးလေးကနေ တည်ငြိမ်ရင်ကျက်္လာပုံ ကလွဲလို့၊ ခပ်အုပ်အုပ် ဆံပင်လေးအစား အ​ကုန်သိမ်းလို့ လှန်တင်ထားရုံကလွဲရင္အားလုံး အားလုံးက အတူတူပါပဲ။

သူ သူက ကျွန်တော့် ခလေးလေးပါပဲ။
ပျောက်ဆုံးနေတဲ့ ကျွန်တော့် ခလေးလေးလေ။ အခု အခုတော့ ကျွန်တော် သူ့ကို သူ့ကို ပြန်တွေ့ပြီ။

"ဆရာ ဆရာ~~~"

Xiao Zhan အတွေးလွင့်နေတုန်း ဘေးနားက အတွင်းရေးမှူးက သူ့ကို အသိပေးလိုက်တော့မှ သတိပြန်ကပ်ပြီး ခုမှ သူ့ရှေ့မှာတင် ရပ်နေတဲ့ Yiboကို သတိထားဖြစ်လေသည်။

"ကျွန်တော် ဆွေးနွေးရမလား ပြန်ရမလား CEO Xiao Zhan ခင်များကို ကြည့်ရတာ ကျွန်တော့်ကို ထိုင်မဲ့နေရာတောင် မပေးထားသလိုပဲ"

"မဟုတ်ဘူး ခလေး~~အင် ဥက္ကဌLan ထိုင် ထိုင်ပါ"

ခလေးလို့ ခေါ်ခွင့်တောင် ကိုယ့်မှာ အကြွင်းအကျန်လေးတောင် ရှိမနေတော့တဲ့ပုံပဲ။

Yiboလည်း meeting ထိုင်ခုံရဲ့ Xiao Zhanနဲ့ ဆန့်ကျင်ဘက် အခြားတစ်ဖက်မှာ ဝင်ထိုင်လိုက်လေသည်။

ထိုင်ခုံရှည်ကြီးရဲ့ မျက်နှာချင်းဆိုင်က မင်းကို ကိုယ်ငေးဖြစ်တယ်။ အလုပ်ကိစ္စကို အားရပါးရ ရှင်းပြနေတဲ့ မင်းက တကယ့်ကို လူကြီးလူကောင်းပီသလွန်းပါတယ်။

"ဒါဆို ဒီအတိုင်း သဘောတူလား CEO Xiao Zhan"

"ဟင် သြော် သဘောတူပါတယ်"

"ဟက်~~"

သဘောတကျနဲ့ ဟက်ခနဲ ရီသံက ခလေးဆီက ထွက်လာတယ်။ ခုမှ ကျွန်တော် သတိထားမိတယ်  အားလုံးကလည်း ကျွန်တော့်ကို နားမလည်သလိုနဲ့ စူးစမ်း ကြည့်နေကြတယ်။ ကျွန်တော် ဘာအမှားလုပ်မိလို့လဲ။

Triangle {Completed}Where stories live. Discover now