ဂျိန်းန်က ခေါင်းငြိမ့်ပြလိုက်တယ် " ကိုက ပိုးမွှားဗေဒတွေ ဘာတွေကို နားမလည်ပေမဲ့ အဲဒါက အကြောင်းအကျိုး ခိုင်လုံတဲ့ ယူဆချက်လို့ ထင်တယ် "
" ဒါပေမဲ့ ဇွန်ဘီတွေက အထူးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်လိမ့်မယ်လေ "
" အင်း "
" ဒါပေမဲ့ အိပ်က်စ်-ဗိုင်းရပ်စ်က ကိုမက်ဗိုင်းရပ်စ်ကနေ ထုတ်ဖော်ထားတာလေ "
" အင်း ... ဟုတ်တယ် ... ဒါဆို သူတို့က ဘာလို့ ကိုတို့ကို တိုက်ခိုက်ရမှာလဲ " ဂျိန်းန်ကိုယ်တိုင်လည်း သိမိသွားခဲ့တယ်။
" အဲဒါကြောင့် ငါတို့က ကိုမက်ဗိုင်းရပ်စ်ထဲမှာ ရှိပြီး ... အိပ်က်စ်-ဗိုင်းရပ်စ်ထဲမှာ မရှိတဲ့အရာကို ရှာဖွေရမယ်လို့ ဆိုလိုတာလေ။ သူတို့ ဘယ်နေရာမှာ ထပ်သွားပြီး ငါတို့ ဘာလွတ်သွားလဲဆိုတာကို ရှာဖွေဖို့ လိုတယ်။ ဒါဆို ကျန်ခဲ့တဲ့ဟာကို လေ့လာရမယ်။ အဲဒါက အဲဒီ့ထဲမှာပဲ။ အဲဒီ့အပိုင်းက သူတို့ အခြားလက်ခံသူတွေကို ဘယ်လိုခွဲခြားတယ်ဆိုတာပဲ။ အဲဒီ့ အဓိပ္ပါယ်က ငါ အဲဒီ့အခန်းဏ္ဍကို ခွဲခြားသတ်မှတ်နိုင်ဖို့ လိုတယ်။ ငါ ရှာနိုင်ပါတယ်။ ငါရှာတွေ့မှာပါ "
ရှောင်ရန် ခက်ရင်းကို ချလိုက်ပြီးတော့ စားသောက်ဆိုင်ကနေ ထွက်သွားဖို့ မတ်တက်ရပ်လိုက်တယ်။
" ဟေး ... မင်း အခုထိ စားလို့မပြီးသေးဘူးလေ "
ဂျိန်းန်က သူ့ကို အော်ပြောရင်း သူပါ ထရပ်လိုက်ပြီး ရှောင်ရန်နောက်ကို အမှီလိုက်ဖို့ ကြိုးစားလိုက်တယ်။
ရှောင်ရန် ကျောင်းဝန်းထဲကို ပြန်လျှောက်လာခဲ့တယ်။ သူ ကိုမက်နဲ့အိပ်က်စ်-ဗိုင်းရပ်စ်ကြားက ကွာဟချက်ကို ဖော်ထုတ်နိုင်ကတည်းက သူ အိပ်က်စ်-ဗိုင်းရပ်စ်နဲ့ ပက်သတ်တဲ့ ပရောဂျက်တွေအားလုံးမှာ ပါဝင်ခဲ့ရပြီးတော့ သိထားသမျှအကျိုးဆက်တွေကို ဖယ်ထုတ်ထားခဲ့ကြတယ်။ ဗိုင်းရပ်စ်ရဲ့ မျိုးပွားဗီဇထဲမှာ ပုန်းကွယ်နေတဲ့ တစ်ခုခုတော့ ရှိလိမ့်မယ်လို့ ရှောင်ရန် သေချာသိနေခဲ့တယ်။ ဇွန်ဘီတွေရဲ့ လျစ်လျူရှူ ဂရုမစိုက်ခြင်း ခံရတဲ့ သော့ချက်ပေါ့။
YOU ARE READING
ကမ္ဘာဆုံးတိုင်
Romanceဒီnovelလေးကသုတေသနပညာရှင်ပေါက်စလေး တစ်ယောက်အကြောင်းပေါ့.. တွန်းအားပေးခံရပြီး အေးချမ်းနေတဲ့ဘဝကနေ အမျိုးမျိုးသောလူသတ်သမားတွေ.. zombiesတွေနဲ့ တွေ့ကြုံနေရပြီး အမြဲလိုလိုသေခြင်းတရားကနေ လွတ်အောင် ဖျက်လတ်စွာ ရှင်သန်နေရတယ်..။ နောက်ဆုံးတော့.. အခြားသုတေသနပညာ...
- 040 - U&Z
Start from the beginning