လောလောဆယ် ရှိတာ upပေးတာ ... ကန်တော့တဲ့အနေနဲ့ ဒီရှောင်ရန်တို့ကိုလည်း ဝန်ဇင်းမှာ ဝယ်မဖတ်ဘူး၊ အယ့်ရာ fb gp ထဲလည်း မဝင်ရသေးဘူးဆို လာပြောပေး ... ထည့်ပေးမယ် ... မနက်ဖြန်တစ်နေ့လုံး အချိန်ပေးမယ်။
.........................................
040 : ' ဟိန့် ' လို့ ပြောခဲ့တယ်
ဒါက သူ့ပရောဂျက်ရဲ့ အစခြေလှမ်းဖြစ်တယ်။ ပြီးတော့ ဒီစကားကလည်း ရှောင်ရန် ဂျိန်းန်ကို ဦးတည်ပြီး ပြောတဲ့ ပထမဆုံးစကား ဖြစ်တယ်။
" သူတို့က အတူတူပဲ မို့လို့လေ "
" ဒါပေမဲ့ သူတို့အချင်းချင်းကျ ဘယ်လို ခွဲခြားကြလဲ။ သူတို့ဦးနှောက်တွေက အသိအမြင်နဲ့ဆိုင်တဲ့အရာတွေကို မတွေးခေါ် မစဉ်းစားနိုင်လောက်တဲ့ အဆင့်အထိ ကျဆင်းသွားတယ်ဆိုတာ ငါတို့ သိနေကြတယ်လေ။ ဒါဆို ဇွန်ဘီနဲ့ ဇွန်ဘီမဟုတ်တဲ့သူကို သူတို့တွေ ဘယ်လိုခွဲခြားလဲ " ရှောင်ရန် ဂျိန်းန်ကို ထပ်မေးလိုက်တယ်။
သူက စကားပြန်မပြောခင် ရှောင်ရန်ကို မျက်ခုံးပင့်ပြလိုက်တယ်။
" အဲဒါက ကို့စိတ်ဝင်စားမှုရဲ့ အပြင်ဘက်ရောက်သွားပြီ။ အဲဒါက မင်းကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်ဘူးလား "
" ဇွန်ဘီတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတာ ဘာလဲ "
" သူတို့လည်း တချိန်က လူသားတွေပဲလေ "
" ဘာဖြစ်လဲ အဲဒီ့တော့ ... " ဂျိန်းန်းရဲ့ လှုပ်ရှားမှုတွေက ရုတ်တရက် ဇဝေဇဝါ ဖြစ်သွားပြီးတော့ အားရဝမ်းသာနဲ့ ရှောင်ရန်ကို ကြည့်လိုက်တယ်။ အခုချက်ချင်းပဲ ... ရှောင်ရန်ရဲ့ အကြည့်မှာ သူ့အရင်က မမြင်ဖူးခဲ့တဲ့ စိတ်အားထက်သန်မှုတွေကို တွေ့လိုက်ရတယ်။ ဂျိန်းန် သူ့ရဲ့အပျင်းထူတဲ့ တွေးခေါ်ခြင်းတွေကို ခါထုတ်လိုက်ပြီး ရှောင်ရန်မေးတာကို စဉ်းစားကြည့်ဖို့ ကြိုးစားလိုက်တယ်။
" သူတို့အားလုံး ကိုမက်ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရတာာလေ "
" လက်ခံသူလိုအပ်တဲ့အရာ။ အဲဒါက ဗိုင်းရပ်စ်ကို ပျံ့နှံ့အောင် လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်လို့လေ။ အဲဒါက ဗိုင်းရပ်စ်ကို ပျံ့အောင်လုပ်တဲ့ တစ်ခုတည်းသောနည်းလမ်းဆိုရင် ငါတို့ရဲ့ယူဆချက်က မှန်ကန်တယ်။ ဗိုင်းရပ်စ်ထဲမှာ အခြားလက်ခံသူကို အတည်ပြုဖို့ ခွင့်ပြုပေးတဲ့ တစ်စုံတစ်ခု ရှိလိမ့်မယ် "
YOU ARE READING
ကမ္ဘာဆုံးတိုင်
Romanceဒီnovelလေးကသုတေသနပညာရှင်ပေါက်စလေး တစ်ယောက်အကြောင်းပေါ့.. တွန်းအားပေးခံရပြီး အေးချမ်းနေတဲ့ဘဝကနေ အမျိုးမျိုးသောလူသတ်သမားတွေ.. zombiesတွေနဲ့ တွေ့ကြုံနေရပြီး အမြဲလိုလိုသေခြင်းတရားကနေ လွတ်အောင် ဖျက်လတ်စွာ ရှင်သန်နေရတယ်..။ နောက်ဆုံးတော့.. အခြားသုတေသနပညာ...