Part-28

4.6K 420 97
                                    

Unicode

Xiao Zhan ကိုယ့်မျက်လုံးကို မယုံနိုင်တော့
တစ်ဗူးပြီး တစ်ဗူးမော့သောက်နေသူက Yiboပါလို့ သူမပြောရက်သည်ထိ Yiboပုံစံက လုံးဝ ပြောင်းလဲသွားလေသည်။

"တော်တော့  ခလေး များနေပြီ"

"ဟက်!"

သူသောက်နေတာ မကြည့်ရက်လို့
လက်လေးကိုင်လို့ တားမိတော့ သူလေးက ဟက်ခနဲရယ်တယ်။ ကျွန်တော်ကို လှည့်ကြည့်ပြီး ကျွန်တော့်လက်ထဲက သူရဲ့လက်ကို ရုန်းထုတ်သွားတယ်။

ရယ်ချင်ချင် ဖြစ်နေတဲ့ သူငယ်ချင်းတို့ရဲ့ မျက်နှာကို ကျွန်တော်မမြင်တော့ဘူး။
ကျွန်တော်မြင်နေတာက ဘီယာတွေကို မနားတမ်းမော့သောက်နေတဲ့ ကောင်လေးကိုသာ ဖြစ်သည်။

နာလိုက်တာ။ ဘာလို့ ဒီလေါက်တောင် နာကျင်ခံစားနေရတာလဲ။

စိတ်ပူနေတဲ့ ရုပ်လေးနဲ့ ကြည့်နေတဲ့ ကိုကို့ကို ကျွန်တော်ငေးကြည့်တယ်။ တဟားဟားအော်ရယ်ပြီး ကျွန်တော်ထပ်သောက်တယ်။

နာနေတဲ့ ဗိုက်ကိုတော့ ကျွန်တော့်ကောင်းမှုကြောင့် ထမင်းအစား ဘီယာတွေ ပြည့်သွားရတယ်။ အားရလိုက်တာ နာနာကျင်ကျင် ခံစားစမ်း။

"တော်တော့ ခလေး"

ဒုတိယတစ်ကြိမ် လက်ကောက်ဝတ်ဆွဲချက်မှာတော့ Yiboရဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည်လေး ပြည့်လျံလာပြီး စကားသံတိုးတိုးလေးထွက်လာတာက
"ကိုကို ပျော်လား"တဲ့။

ဘယ်လိုခံစားချက်ကြီးလဲ? ကျွန်တော္ဘာလို့ ဒီလေါက်တောင် ခံရခက်ရတာလဲ? "ကိုကိုပျော္လား"တဲ့ ကျွန်တော္ခေါင်းခါမိတယ် ထင်ပါတယ် ခလေးက ဟက်ဟက်ပက်ပက်ကို အော်ရယ်လာတယ်။

"ဒါနဲ့များ~~~ ဟဟ"

နောက်တစ်ဗူးကို ကောက်ဆွဲလို့ သူသောက်ပြန်တယ်။ ကျွန်တော်ဆွဲလုမယ်လုပ်တော့ သူက ကျွန်တော့်ကို တွန်းပစ်ပြီး ကျွန်တော့်သူငယ်ချင်းတွေကို ဘီယာဗူးလေးရဲ့ထိပ်ကိုကိုင်ပြီး ဗူးကိုရမ်းပြပြီး သောက်ပြန်တယ်။

ဟင့်အင်း ကျွန်တော် အဆင်မပြေတော့ဘူး။
သူနာကျင်ရတာ ကျွန်တော် မမြင်ချင်တော့ဘူး။

Triangle {Completed}Where stories live. Discover now