" ကိုကို့ ရဲ့ ငယ် - 10 "
Kyung Soo အခန်းထဲက အမြန်ထွက်လာခဲ့တယ်
စိတ်ကမခိုင်ပါဘူးဆိုမှ ဟိုက တည့်တည့်ကြီးလာကြည့်နေတာကို
တော်သေးတယ် အရှောင်ကောင်းလို့
မဟုတ်ရင် နှလုံးရပ်ပြီးသေလောက်တယ်^ကိုကို ကြည့်နေတာကြီးက😬 မသိတော့ဘူး^
Kyung Soo ဧည့်ခန်းမှာ Tao ချည်ထိုးနေတာကိုကြည့်ပြီး စောင့်နေလိုက်တယ်
"အန်တီ သား အဲ့လိုလုပ်တာလေးတွေ သဘောကျတယ်"
"သားငယ် လုပ်တတ်ချင်လို့လား"
"ဟုတ်"
"ကျောင်းပိတ်ရက်ကျ အန်တီသင်ပေးမယ်လေ"
"ဟုတ်"
Yeol အပေါ်ထပ်ကဆင်းလာတော့ Kyung Soo ကိုယ်လေးရုံ့ပြီး Tao အနားကပ်နေတယ်
Kyung Soo ကိုယ်သေးသေးလေးက Tao အနားမှာကပ်နေတော့ အမှတ်တမဲ့ဆို မမြင်ရဘူးရယ်"မေမေ ငယ် ရော "
"ဒီမှာလေ သားရဲ့"
Yeol. Kyung Soo ဘေးမှာထိုင်လိုက်ရင်း
"ငယ် ကတကယ့်ကလေးပဲ မေမေ့နားမှာကပ်နေတာ"
^ကိုကို ငယ့် ကိုကလေးလို့ထင်နေတုန်းပဲလား^
"ကိုကိုကလည်း ငယ် ကလေးမဟုတ်ပါဘူး"
"အင်း ကလေးမဟုတ်ဘူး ရပြီလား"
"ရပြီ"
"ငယ် ကိုကို ခနလေးပဲသွားမှာနော် လိမ်လိမ်မာမာနေ နေမကောင်းမဖြစ်အောင်လည်းနေ မိုးရွာထဲမှာ လျှောက်သွားမနေနဲ့ အစားပုံမှန်စား အချိန်မှန်အိပ် စာလည်းကြိုးစားနော်
ကိုကို ပြန်လာလို့ရရင် ငယ့် ဆီအရင်လာခဲ့မယ် ""ငယ့် ကိုစိတ်ချပါ ကိုကို သာဂရုစိုက်နော် နေရာသစ်မှာဆိုတော့ အစစအရာရာသတိထားရမယ်မဟုတ်လား"
"Aigoo~ ငယ် ကလူကြီးဖြစ်သွားတာလား"
"ဟုတ်တာပေါ့ အဲ့ဒါကြောင့် ကိုကို့ လိုခုလိုမှာနေရတာ"
"စကားတတ်လိုက်တာ ကြက်တူရွေးလေး "
Kyung Soo ခေါင်းလေးကိုပုတ်ရင်း တိုးတိုးပြောမိတယ်
"ကိုကို ပြောပြန်ပြီလား အရင်တစ်ခါက ပင်ဂွင်း ဒီတစ်ခါကျ ကြက်တူရွေးတဲ့ ဟွန့် ""
YOU ARE READING
" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"