အခန်း(၁၆) လမ်းလျှောက်နေသည့်အလောင်းကောင်များ။
"ထူးခြားဆန်းကြယ်သောအမျိုးသမီး။"
သူမ၏ရိုင်းစိုင်းလှသည့်မေးခွန်းနှင့်ရင်ဆိုင်လိုက်ရတော့ ကျန်းရွှင်းယီသည်သူမကိုအာရုံစိုက်ရန် အရမ်းကိုပျင်းရိလွန်းသဖြင့် သူ့ကိစ္စသူလုပ်ဖို့အပြင်ကို အပြင်ကိုဆက်လျှောက်ထွက်သွားသည်။ ဝူတျန်းချီမှာ အလွန်ကြောက်ရွံ့နေမိပြီး သူ့မျက်နှာမှာအရောင်ပင်မရှိတော့။ သူ့သမီးကိုပြစ်တင်ရှုံ့ချဖို့ရန်ဂရုမစိုက်တော့ဘဲ သူမအတွက်တောင်းပန်ပေးဖို့ရာအလျင်လိုနေမိသည်။ သို့ပေမဲ့ ခြေလှမ်းအနည်းငယ်အတွင်းတွင် ကျန်းရွှင်းယီတစ်ယောက်ပျောက်သွားပြီးဖြစ်၏။
ယွင်ရှဲ့မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ချစ်ရသူရှေ့တွင်မျက်နှာပျက်ရသဖြင့် သူမတိတ်တဆိတ်ဒေါသထွက်ကာ စိတ်ပျက်သွားမိသည်။
သူမကယွင်ရှဲ့ဖက်လှည့်၍ မတရားခံရသည့်ပုံစံနှင့်ပြောလိုက်သည်။
"ယွင်ကောကော..."
ယွင်ရှဲ့သည်ဝတ်ရုံလက်ကိုဆွဲထားသောသူမလက်ကို စိတ်မရှည်စွာတားမြစ်လိုက်ပြီး မထူးခြားမခြားနားပြောလိုက်၏
"ဟွေ့မိန်းကလေး၊ အမျိုးသမီးတစ်ယောက်အနေနဲ့ မင်းကိုယ်မင်းပြန်ကြည့်သင့်တယ်။"
သူပြောရင်းဖြင့် ဘာမှစောင့်မနေတော့ဘဲ လှည့်ထွက်သွားလိုက်ပြန်သည်။
အဓိကခန်းမမှထွက်လာပြီးနောက်၊ ကျန်းရွှင်းယီသည်ရင်အန်းကျောင်းတော်ကဂိုဏ်းသားတစ်ယောက်အား သူ့နေရမည့်နေရာမေးမြန်းလိုက်ပြီး ထို့နောက်သူ့အခန်းဆီကိုသွားလိုက်သည်။ ဤနေ့၏ရာသီဥတုကားတိမ်ထူထပ်လျက်ရှိသည်။ အပြင်ဘက်ရှိကောင်းကင်ကတဖြည်းဖြည်းချင်းမှောင်လာပေမယ့် သူကတော့ မီးအိမ်မထွန်းထားပေ။ သူအိပ်ယာပေါ်တွင်အနည်းငယ်မိန်းမောလျက်သားလဲလျောင်းနေရင်းဖြင့် မကြာမီလာတော့မည့်ဇာတ်ကြောင်းအကြောင်းတွေးနေမိသည်။
ရုတ်တရက်ချင်းပင်၊ အခန်းတံခါးပွင့်သွားကာ ပုံရိပ်တစ်ခုကအထဲကိုဖျတ်ခနဲဝင်လာသည်။
ကျန်းရွှင်းယီမထလိုက်ပေ။ သူ့လက်မောင်းပေါ်ခေါင်းအုံးထားရင်းဖြင့် အေးဆေးစွာပြောလိုက်သည်။
"မင်းငါ့အခန်းထဲဝင်လာတိုင်း တံခါးမခေါက်ဘူး။ မင်းကိုငါသူခိုးလို့ထင်ပြီးသတ်မိတဲ့နေ့ရှိလာလိမ့်မယ်နော်။"
ယွင်ရှဲ့ရယ်လိုက်သည်။
"ပန်းသူခိုးလား။"
သူကဤမှောင်မည်းနေသောအခန်းတစ်ဝိုက်ကိုကြည့်၍ ခေါင်းခါလိုက်သည်။
"အလိုလေးလေး~ မင်းဘာလို့ မီးအိမ်တောင်မထွန်းပဲနဲ့ အိပ်ယာပေါ်မှာလှဲနေတာလဲ၊ အသဲကွဲပြီးအထီးကျန်နေတာလား။ ဖြစ်နိုင်တာက....ခုနကကိုယ့်ကိုနှစ်သက်နေတဲ့သူတွေကိုမြင်ပြီး မင်းသဝန်တိုနေတာများလားနော်?"
ကျန်းရွှင်းယီသူ၏တိကျသောအဓိပ္ပါယ်ကိုမဖမ်းဆုပ်မိလိုက်ပေ။ သူကဝူဟွေ့ကိုသဘောကျနေသည်ဟု ယွင်ရှဲ့တစ်ယောက်စောင်းမြောင်းပြောနေသည်ဟု သူတွေးမိလိုက်သဖြင့် သူလှောင်ပြုံးတစ်ပွင့်နှင့်တုံ့ပြန်လိုက်သည်။
"ငါအဲ့လိုကလေးမလေးတွေကိုစိတ်မဝင်စားဘူး။"
ဤနလပိန်းတုံးနှင့်ရင်ဆိုင်လိုက်ရသော် ယွင်ရှဲ့ဘာမှမပြောနိုင်တော့လေရာ သူစကားလုံးများတစ်ဆို့သွားရသည်။ သူသည်ဒေါသတကြီးဖြင့်အိပ်ရာပေါ်တက်၍ ကျန်းရွှင်းယီ၏ခြေထောက်ကိုကန်လိုက်သည်။
"နည်းနည်းရွှေ့ပေး၊ ငါ့ကိုလှဲဖို့နေရာပေးအုံး။"
ကျန်းရွှင်းယီကတစ်လက်မပင်မလှုပ်ဘဲ ပျင်းရိစွာပြောလိုက်သည်။
"မင်းအိပ်ယာကမိုးကြိုးပစ်ခံရပြီးပျက်စီးသွားလို့လား။"
ယွင်ရှဲ့ကရိုးရှင်းစွာဖြင့်ခါးကိုင်း၍ ကျန်းရွှင်းယီ၏ခါးကိုလက်နှစ်ဖက်ဖြင့်မကာ သူ့ကိုအိပ်ယာအတွင်းသို့တွန်းပို့လိုက်သည်။ သူကားပွင့်လင်းစွာပင် ယခုလစ်လပ်သွားသောအိပ်ယာအစွန်းပိုင်းတွင်လှဲချ၍ ရယ်မောလိုက်သည်။
"ငါလုပ်လို့ပြောတာကိုပဲလုပ်ပါကွာ၊ ပွစိပွစိလုပ်မနေစမ်းနဲ့။"
ကျန်းရွှင်းယီအကာအကွယ်မဲ့သွားသဖြင့် ယွင်ရှဲ့၏ခိုးကြောင်ခိုးဝှက်တိုက်ကွက်ကအောင်မြင်သွားသည်။ ဤစကားလုံးများကိုကြားလိုက်ရရာ ကျန်းရွှင်းယီ၏စိတ်သဘောထားပိုဆိုးလာသည်။ သူပက်လက်လှန်ကာ ယွင်ရှဲ့ထံလက်သီးကျွေးလိုက်သည်။
ယွင်ရှဲ့ကသူ့လက်ကောက်ဝတ်ကိုညင်သာစွာဆုပ်ကိုင်၍ တီးတိုးပြောလာသည်။
"ပြဿနာမရှာနဲ့တော့၊ ငါ့မှာပြောစရာတစ်ခုရှိတယ်။"
ကျန်းရွှင်းယီဟမ့်ခနဲလုပ်ကာ ယွင်ရှဲ့၏ဆုပ်ကိုင်မှုမှသူ့လက်ကိုထုတ်လိုက်ပြီး သူ့မေးကိုပင့်၍ ပိုင်စိုးပိုင်းနင်းငုံ့ကြည့်လိုက်သည်။
ယွင်ရှဲ့ရယ်မောကာဖြင့် စောင်ပေါ်ကပန်းပုံကိုကြည့်လိုက်သည်။
"ဟေး၊ ငါပြောမယ်၊ မင်းတကယ်ပဲမိစ္ဆာဘုရင်ရွှမ်လီကိုချိပ်ပိတ်ချင်တာလား။"
ကျန်းရွှင်းယီပြောလိုက်သည်။
"သူ့ကိုချိပ်ပိတ်တာက ဖြစ်လာမယ့်လက္ခဏာတွေကိုပဲကိုင်တွယ်နိုင်မှာ၊ ဖြစ်ရပ်တွေကိုမဟုတ်ဘူး။ သူ့ခွန်အားကအရင်ကထက်စာရင်ပိုကြီးလာတာကြာပြီ။ သူ့ဝိညာဥ်တွေကိုပြန့်ကျဲအောင်လုပ်ချင်တယ်။"
သူခေါင်းစောင်းပြီး ယွင်ရှဲ့ကိုကြည့်လိုက်ပေမယ့် အမှောင်ထုထဲတွင်ယွင်ရှဲ့၏မျက်နှာကိုသေချာမမြင်ရပေ။ ထို့နောက်ကျန်းရွှင်းယီသက်ပြင်းရှိုက်ကာ ထပ်ပေါင်းပြောလိုက်သည်။
"ဒါကငါ့ရွေးချယ်မှုပါ။ မင်းငါ့ကိုကူညီစရာမလိုပါဘူး။"
ခေါင်းအုံးပေါ်တွင် ယွင်ရှဲ့ခေါင်းလှည့်လိုက်ရာ အနက်ရောင်ဆံချည်မျှင်အချို့က အနည်းငယ်ဖရိုဖရဲဖြစ်သွားသည်။
"မင်းကလွဲပြီး ကမ္ဘာပေါ်မှာဘယ်သူကမှ ငါ့အကူအညီနဲ့မထိုက်တန်ဘူး။ တကယ်လို့မင်းနဲ့ငါ့ကိုခွဲထားရင်တောင်မှ လုံးဝမဖြစ်နိုင်ဘူး။"
ကျန်းရွှင်းယီ၏နှုတ်ခမ်းမှာ အပြုံးတစ်ပွင့်ဖြင့်ကော့တက်သွားသည်။ ---ယခုတွင် မည်သည့်အရာကမျှယွင်ရှဲ့၏ဆုံးဖြတ်ချက်ကိုယိမ်းယိုင်စေမည်မဟုတ်ကြောင်း သူသိသည်။ သူ့နှလုံးသားမှာအနည်းငယ်နွေးထွေးသွားရပြီး ယွင်ရှဲ့၏ပုခုံးကိုသာမန်ကာလျှံကာပုတ်လိုက်မိသည်။ သို့သော် သူမျက်နှာလွှဲလိုက်သောအခါ သူ့မျက်ခုံးများကတွန့်ခေါက်သွားပြီး မျက်မှောင်မကြုတ်ဘဲမနေနိုင်တော့ပေ။
ယွင်ရှဲ့သည် သူ့လက်ကိုဖမ်းဆုပ်ထားချင်သည့် ပြင်းပြသောစိတ်ဆန္ဒကိုထိန်းချုပ်ထားရသည်။ သူကဘေးတွင်တိတ်တဆိတ်လဲလျောင်း၍ ကျန်းရွှင်းယီ၏အသက်ရှုသံကိုနားထောင်နေမိသည်။ သူ့နှလုံးသားပျော့ပြောင်းနွေးထွေးသွားရကာ ကူကယ်ရာမဲ့စွာဖြင့်မည်သူမျှမမြင်နိုင်သောအမှောင်ထဲတွင် ရူးသွပ်သောအပြုံးကိုထုတ်ပြလိုက်မိသည်။
သို့သော် ထိုအပြုံးက သူ့အပေါ်နှုတ်ခမ်းထောင့်စွန်းကိုမပျံ့နှံ့သွားမီ သူ့ရင်ဘတ်ထဲတွင်စူးရှသောနာကျင်မှုကို ရုတ်ခြည်းခံစားလိုက်ရသည်။ ခွန်အားကြီးမားလှသောဝမ်းနည်းပူဆွေးသောကမှာ သူ့နှလုံးသားအောက်ခြေမှဆန်တက်လာသည်။
အမည်မသိအကြောင်းတချို့ကြောင့် သူ့မျက်လုံးမှာမျက်ရည်ဝဲလုမတတ်ဖြစ်လာသည်။
သူ၏နံဘေး၌၊ ကျန်းရွှင်းယီရုတ်တရက်လှည့်ကာ ထထိုင်လိုက်သည်။
ယွင်ရှဲ့အပြည့်အဝပြန်ကောင်းမလာသေးသည့်တိုင် သူ့အသံကနိမ့်ပြီးအက်ရှရှဖြစ်နေသည်။
"မင်းဘာလုပ်နေတာလဲ။"
ကျန်းရွှင်းယီတိုးတိုးလေးပြန်ပြောလိုက်သည်။
"အပြင်မှာ။"
ယွင်ရှဲ့သူ့စိတ်သူဖိနှိပ်လိုက်သည်။
"အဲ့ဒီ့ခြေသံတွေက ပုံမှန်ဂိုဏ်းသားတွေပဲနေမှာပါ။ မင်းသံသယလွန်ကဲနေတာဖြစ်မယ်။"
သူ့အသံမှာ တံခါးခေါက်သံထွက်ပေါ်လာချိန်တွင် ပြတ်တောက်သွားချေသည်။ ကျန်းရွှင်းယီသည် အိပ်ယာအပြင်ဖက်တွင်လဲလျောင်းနေသောယွင်ရှဲ့ကို တစ်ချက်လှမ်းကန်၍ တံခါးသွားဖွင့်ရန်တိုက်တွန်းလိုက်သည်။ ကျန်းရွှင်းယီကိုယ်၌ကမူ အိပ်ယာအစွန်းတွင်ရွှေ့ထိုင်လိုက်သည်။
ယွင်ရှဲ့တံခါးဖွင့်လိုက်ရာ အပြင်မှာရပ်နေသောသူက တကယ်တမ်းတွင်ဝူဟွေ့ဖြစ်ကြောင်းမြင်လိုက်ရသည်။ တစ်ဖက်လူကဤနေရာတွင်ရောက်နေလိမ့်မည်ဟု သူတို့နှစ်ဦးစလုံးမထင်ထားမိကြသဖြင့် ခေတ္တမျှအေးခဲသွားကြသည်။
ဝူဟွေ့မှာ ဤဆိုးဝါးသောမြင်ကွင်းကြောင့်အံ့အားသင့်သွားမိသည်။
"ယွင်ကောကော? ခုနနအစ်ကို့အခန်းကိုညီမသွားရှာတော့ အစ်ကိုမရှိဘူး။ ဒီတော့ အစ်ကိုကဒီမှာတစ်ချိန်လုံးရှိနေတာပေါ့လေ။"
သူမကပြောရင်းဖြင့် ရည်ရွယ်ချက်ရှိရှိ(သို့)မတော်တဆဖြင့် အခန်းအတွင်းကို စိုက်ကြည့်လိုက်သည်။
"ကျန်းသခင်လေးလည်းဒီမှာရှိနေတာလား။ ရှင်တို့နှစ်ယောက်လုံးဘာလို့မီးမထွန်းပဲနေနေကြတာလဲ။"
ယွင်ရှဲ့အမူအရာမဲ့စွာဖြင့် သူမ၏အကြည့်လားရာကို သူ့ကိုယ်နှင့်ပိတ်ကွယ်၍ အေးစက်စွာပြောလိုက်သည်။
"တစ်ခုခုလိုလို့လား?"
သူ့ပုံစံကိုမြင်လိုက်ရရင်း ဝူဟွေ့၏အပြုံးမှာ မျက်နှာပေါ်တွင်အေးခဲသွားရသည်။ မတရားသကဲ့သို့ခံစားမိရင်း သူမပြောလိုက်သည်။
"အဖေကအစ်ကိုတို့နှစ်ယောက်ကိုထမင်းစားဖို့ဖိတ်လိုက်လို့ပါ။"
ယွင်ရှဲ့ပြန်ပြောရန်ပါးစပ်ဟလိုက်သော် သူ့ပုခုံးကရုတ်တရက်လေးလံသွားချေသည်။--- သူ့အနောက်ရှိကျန်းရွှင်းယီကသူ့ကိုတွန်းဖယ်လိုက်သည်။ ကျန်းရွှင်းယီကဝူဟွေ့ကိုခေါင်းငြိမ့်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ဝူမိန်းကလေး။ ကျွန်တော်တို့နှစ်ယောက်အခုပဲလိုက်ခဲ့ပါ့မယ်။"
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...