Ep_23

19.3K 2.3K 157
                                    

Unicode

လွန်ခဲ့သောဆယ်နှစ်ခန့်က...

မိုးရာသီကုန်ဆုံးခါနီးအချိန်ကာလတွင် မည်းမှောင်စွာတက်လာသော မိုးသားတိမ်တိုက်တို့သည်အထက်တန်းကျောင်းလေး၏ပတ်ဝန်းကျင်အား အလင်းရောင်အတိကင်းမဲ့စေခဲ့သည်။

တဖြောက်ဖြောက်နှင့်ကျလာသော မိုးရေစက်ကလေးများ၏အသံမှာလည်း ကျောင်းခေါင်မိုး၏သွပ်ပြားထက်တွင် စည်းချက်တကျဖြစ်နေခဲ့သည်။အတန်းပိုင်ဆရာမ၏ စာအံသံများမှာ မိုးစက်ပေါက်တို့အငြိုးတကြီးနှင့်ရွာသွန်းလာသံတို့ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ပြတင်းပေါက်အပြင်ဘက်ကိုငေးကာထိုင်နေသော အစိမ်း‌ရင့်ရောင်ပုဆိုးနှင့်ကောင်လေးမှာ ထီးမပါလာခဲ့သဖြင့် အိမ်ပြန်ချိန်ကိုလက်သင့်မခံနိုင်ပုံရသည်။ကျောင်းဆင်းခေါင်းလောင်းထိုးသောအခါ အတန်းထဲရှိကျောင်းသား၊ကျောင်းသူအပေါင်း လူစုတဖြည်းဖြည်းကွဲကာ အခန်းထဲ၌ထိုကောင်လေးတစ်ယောက်သာကျန်ရှိနေခဲ့သည်။

ကျောင်းစိမ်းဝတ်စုံဖြင့် သွယ်လျလျကောင်ငယ်လေးဟာ ကျောင်းလွယ်အိတ်ကိုစလွယ်သိုင်းလျက် မိုးစက်မှုန်များကြားတွင် အကာအကွယ်မပါဘဲနှင့် ပြေးထွက်လာခဲ့သည်။သွန်ချသလို ရွာသွန်းနေသောမိုးရေတို့ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရွှဲရွှဲစိုနေခဲ့သည်။စောင့်မျှော်နေသည့်ကျောင်းကားမှာလည်း ယခင်နေ့များအတိုင်း နောက်ကျနေခဲ့သည်။

အထက်တန်းကျောင်း၏ ဂိတ်ပေါက်ဝရှေ့တွင် အခြားကလေးငယ်များနှင့်မရောဘဲ တစ်ယောက်တည်းမိုးရေများအောက်တွင် ရပ်နေခဲ့သည်။တိုက်ခတ်လာသော လေပြင်းတို့ကြောင့် လက်မောင်းနှစ်ဖက်မှာ တုန်ယင်လို့နေသည်။‌ရေစိုနေသော ရှေ့ဆံပင်ခပ်တွန့်တွန့်တို့မှာ မျက်လုံးကိုအုပ်ကာ မျက်နှာပေါ်သို့ ရေများစီးကျလာခဲ့သည်။

"ကျောင်းကားကလည်း ထီးမပါလာပါဘူးဆိုမှ ဘာလို့နောက်ကျနေရတာလဲ"

တဖြည်းဖြည်းနှင့် ကောင်လေး၏ဘေးတွင် လူသူမရှိဖြစ်လာခဲ့သည်။ပိုတိုး‌လို့တိုက်ခတ်လာ‌ေသာလေမှာ တုန်ယင်နေသောကောင်ငယ်‌ေလးအား ပို၍ပင်မေးခိုက်ခိုက်တုန်စေခဲ့သည်။

တိမ်စိုင်ငယ်လိုWhere stories live. Discover now