Unicode
"ဆရာတကယ်ပြန်ပေးဆွဲတော့မလို့လား"
"အေး ငါတို့ပိုက်ဆံပြန်ရဖို့နည်းလမ်းကဒီတစ်နည်းပဲရှိတယ်"
"မလုပ်ပါနဲ့လားဆရာရယ် တော်ကြာကျွန်တော်တို့အဖမ်းခံနေရရင်ဘယ်လိုလုပ်မလဲ"
"အငယ်လေး မင်းနမိတ်မရှိ နမာမရှိတွေပြောမနေနဲ့ ကြောက်ရင်လည်းမင်းဖယ်နေ"
ဂျွန်တို့အိမ်ဘက်ကွေ့သည့် လမ်းထောင့်တွင်ကားကိုရပ်ထားကာ ဦးမာန်ထက်နှင့်အငယ်ဆုံးတပည့်တစ်ယောက် ပြန်ပေးဆွဲမည့်ကိစ္စအားဆွေးနွေးတိုင်ပင်နေသည်။အငယ်လေးဆိုတော့ ထိုလူမှာ ပိန်ပိန်သေးသေးနှင့်ကြောက်တတ်သူဖြစ်သည့်အပြင် ငွေတောင်းတာကလွဲလို့ကျန်တဲ့မကောင်းမှုတွေဆို ဝေးဝေးရှောင်သူဖြစ်သည်။
"အိမ်ထဲကနေ ကားတစ်စီးထွက်လာပြီ တိမ်စိုင့်ကိုလည်းတွေ့တယ် ဆရာ"
ကားအစွန်ဘက်တွင်ထိုင်နေသောဝဝပုပုနှင့်တပည့်မှ ဦးမာန်ထက်အား တိမ်စိုင်အိမ်ထဲကထွက်လာသည်နှင့်အားတက်သရောသတင်းပို့ပေးနေသည်။
"လူရှင်းပြီဆိုတာနဲ့ ငါတို့လုပ်ငန်းစမယ် မင်းတို့အသင့်ပြင်ထား"
"ဟုတ်ကဲ့ဆရာ ကလေးတစ်ယောက်လည်းပါတယ်"
ကလေးဆိုသည့်အသံကြားတော့ ဦးမာန်ထက်တပ်ထားတဲ့နေကာမျက်မှန်ကိုဆွဲချွတ်လိုက်ပြီး ဝူဝူ့ကိုလှမ်းကြည့်လိုက်သည်။ဖြူဖြူလုံးလုံးနဲ့ သန့်ရှင်းသပ်ရပ်နေတော့ မိဘကလည်းချမ်းသာမည့်ပုံ ၊ ဂျွန်တို့အိမ်ကလည်းဟီးနေတော့ ဒီကလေးပါအပါခေါ်သွားလျှင် ငွေညှစ်လို့ရမည်ကိုအကြံရသွားသည်။
"တိမ်စိုင့်ကိုမေ့ဆေးနဲ့အုပ်ပြီး အဲ့ကလေးကိုတော့မင်းတို့ဒီအတိုင်းသာခေါ်လာခဲ့ အငယ်လေးမင်းလည်းဆင်း"
"မဆင်းချင်ဘူး ဆရာခေါ်လို့သာလိုက်လာခဲ့တာ ဒီလိုတွေမလုပ်ချင်ဘူး"
"မလုပ်ချင်လည်းနေကွာ"
အငယ်လေးကားထောင့်မှာကပ်ပြီး ကွေးကွေးလေးနေနေသည်။ဂျွန့်ကားလည်းထွက်သွားရော ဦးမာန်ထက်တို့ကားအိမ်ေရှ့တွင်ဝင်ရပ်ကာ တပည့်နှစ်ယောက်အောက်ကိုပြေးဆင်းကြသည်။ဆရာခိုင်းတဲ့အတိုင်း တိမ်စိုင့်ကိုမေ့ဆေးနဲ့တင်ခေါ်လာပြီး တိမ်စိုင်လဲသွားလို့အော်ငိုနေတဲ့ဝူဝူ့ကိုတော့ ထောင့်မှာကပ်နေတဲ့ အငယ်လေးလက်ထဲထည့်လိုက်ကြသည်။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20