(19)

29.9K 2.9K 184
                                    

Unicode


" သွင်လေး... ''

သျှံမင်းဆက် အမှန်ပင်ထိတ်လန့်သွားရသည် ။ ဘယ်အခြေအနေထိမြင်ပြီး ဘာတွေကို ကြားသွားခဲ့သည်မသိ ။ အထင်လွဲသွားမည်က သေချာသလောက်ပင် ။ သို့ပေမည့် ကိုယ့်ဘက်ကမှန်ရဲ့သားနှင့် ချစ်သူဆီက အထင်လွဲတာမျိုးတော့ မခံချင် ။ ရည်းစားသက်တမ်းပင် လက်ချိုးရေလို့ရနေသည့်အနေအထားမှာ အဖုအထစ်ရှိသွားမှာမျိုးကို သူ လုံးဝလက်သင့်မခံနိုင် ။

" သွင်လေး... မဟုတ်ဘူးနော် မြင်လိုက်တာတွေက အမှန်မဟုတ်ဘူး ၊ ကိုယ့်ကိုပဲယုံပါ သွင်လေး... ကိုယ့်ကိုပဲ ''

သွင်မှူးအိမ်က သူ့မျက်လုံးများအား သေချာစွာစိုက်ကြည့်လာပြီး နှုတ်ခမ်းတစ်ဖက်ကို တွန့်နေအောင်ပြုံးလိုက်ကာ...

" ပြီးမှ မင်းနဲ့ငါရှင်းကြမယ် သျှံမင်းဆက်... ''

ထိုသို့ပြောပြီး သူ့ပုခုံးကိုတိုက်၍ ဘေးမှ ဖြတ်ကျော်ထွက်သွားပြီး မေမဒီမောင်၏ရှေ့တွင် ရပ်လိုက်သည် ။

" ရှင်ရောက်လာပြန်ပြီကိုး ''

မေမဒီမောင်က တစ်ကိုယ်လုံးကိုတွန့်ခါလိုက်ကာ မျက်နှာကိုမော်ချီ၍ သူ(မ)ဘာမျှမလုပ်ထားသည့်ဟန် ထီမထင်စွာ ပြောလာလေသည် ။

" လိပ်ပြာမလုံဘူးလားGirl... ငါ့ဘက်က မင်းကို ဘာမှမပြောရသေးဘူးထင်တာပဲ ''

" ဘာကို လိပ်မပြာမလုံရမှာလဲ... ရှင် ဘာတွေလာပြောနေတာလဲ ''

" သျှံမင်းဆက်က မင်းနဲ့ ဘာမှမပတ်သတ်တော့တဲ့လူဆိုတာ မင်းမေ့သွားတာလား ။ ဒါမှမဟုတ် ဘာရည်ရွယ်ချက်နဲ့ သူ့ကိုလာပြန်ကပ်နေတာလဲ ဘာလိုချင်လို့လဲ ''

ထိုစကားပြောလိုက်တော့ သူ(မ)၏မျက်နှာ ကွက်ခနဲပျက်သွားသည် ။ သျှံမင်းဆက်၏သူငယ်ချင်းများထံမှ ကြားခဲ့သောစကားများအရ သူ(မ)နောက်ကြောင်းဟာ ထင်သလောက်မရိုးရှင်း ။ ပြတ်သွားပြီးမှ ရုတ်တရက်ဆန်ဆန် အနားပြန်ကပ်လာခြင်းကို သူ့မသိစိတ်ထဲတွင် သင်္ကာမကင်းဖြစ်နေမိသည် ။

" တို့နားမလည်တဲ့စကားတွေ လာမပြောပါနဲ့လား... တို့က ရှင့်လိုစကားတွေမကြွယ်ဘူး ''

A Love Like No Other [Completed] Where stories live. Discover now