Chapter - 8

15.2K 2.7K 44
                                    

Unicode

ရှန်ယွီကအဝတ်အစားတွေလဲပြီးတဲ့နောက်မှာဦးလေးကျန်းကရှန်ယွီရဲ့ဝှီးချဲကိုတွန်းပေးနေရင်းအိပ်ခန်းထဲမှထွက်လာသည်။ရှန်ယွီအပြင်ဘက်ကိုကြည့်လိုက်တဲ့အခါတံခါးနားမှာရပ်နေတဲ့ပုံရိပ်လေးကိုရုတ်တရက်မြင်လိုက်ရတော့သူလန့်သွားသည်။သေချာကြည့်လိုက်တော့မှထန်လီဆိုတာသိလိုက်ရတော့သူစိတ်အေးသွားခဲ့သည်။သူကရယ်လိုက်ပြီးတော့ထန်လီကိုလက်လှမ်းပြလိုက်သည်။

"သစ်အယ်သီးလေး"

ထန်လီကမနက်ကဝတ်ထားတဲ့အားကစားဝတ်စုံကိုလဲပြီးသွားပြီဖြစ်သည်။သူကမီးခိုးရောင်သိုးမွေးရောင်အင်္ကျီနဲ့အနက်ရောင်ဘောင်းဘီရှည်ကိုဝတ်ထားခဲ့ပြီးအဲဒီအဝတ်အစားတွေကဗီလိန်လေးကိုသန့်ရှင်းသပ်ရပ်ပြီးနူးညံ့ပုံပေါ်က်စေသည်။ဒါပေမဲ့လည်းသူ့ရဲ့ရက်စက်တတ်တဲ့ပုံစံကိုတော့အပြည့်အဝ
မဖုံးထားပေးနိုင်ခဲ့ပါဘူး။

ထန်လီကရှန်ယွီကိုအမူအရာကင်းမဲ့စွာကြည့်နေရင်းရှေ့ကိုတိုးလာပြီးရှန်ယွီရှေ့မှာရပ်လိုက်သည်။

"ဘာဖြစ်လို့လဲ"

ရှန်ယွီကထန်လီရဲ့ဆံပင်တွေကိုဖွရင်းနဲ့မေးလိုက်ပြီးသူ့လက်ကိုထန်လီရဲ့ပခုံးပေါ်ထားရင်းဆက်မေးလိုက်သည်။

"ကိုယ့်ကိုလိုက်ရှာနေတာလား။"

ထန်လီကနှုတ်ခမ်းကိုတင်းတင်းစေ့ရင်းခေါင်းခါပြီးနောက်မှာရှန်ယွီရဲ့ခြေထောက်တွေကိုကြည့်လိုက်သည်။ခဏလောက်ကြာတော့ဗီလိန်လေးကအက်ကွဲနေတဲ့အသံနဲ့မေးလိုက်သည်။

"အဲဒါကနာလား။"

ရှန်ယွီကပြုံးရင်းနဲ့ပြောလိုက်သည်။

"မနာပါဘူး"

"လိမ်တယ်"ထန်လီကပြတ်သားတဲ့လေသံနဲ့ပြောလိုက်သည်။

"ခုနကတော့နည်းနည်းနာတယ်....။"
ရှန်ယွီကအသံကိုဆွဲပြီးပြောလိုက်သည်။သူကထန်လီရဲ့ပခုံးကိုနှစ်ချက်လောက်ပုတ်လိုက်ပြီးတိုးတိုးလေးပြောလိုက်သည်။

"ဒါပေမဲ့မင်းမေးလိုက်ပြီးတော့မနာတော့ဘူး။"

သူကထန်လီကိုစနောက်တဲ့ပုံနဲ့မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ထန်လီကသူမျက်စိမှိတ်ပြတာကိုမမြင်လိုက်ရတာတကယ်နှမြောဖို့ကောင်းသည်။သူကမျက်မှောင်ကျုံ့ထားပြီးလေးနက်တဲ့အမူအရာနဲ့ရှန်ယွီရဲ့ခြေထောက်ကိုပဲကြည့်နေသည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now