Unicode
တိမ်စိုင်မနက်အစောကြီးထဲကထွက်လာပြီး ဂျွန်တို့အိမ်ကနေဈေးကို အန်တီခင်ရယ်၊ဖြူသွယ်ရယ်နဲ့အတူရောက်လာခဲ့သည်။ဈေးခြင်းတောင်းကိုတိမ်စိုင်ကိုင်ပြီး ဖြူသွယ်နဲ့အန်တီခင်ကတော့လက်ချင်းချိတ်လျက်။
"အန်တီခင် ဒီနေ့ဘာချက်မှာလဲ"
ဈေးသွားတဲ့လမ်းမှာလျှောက်နေရင်း တိမ်စိုင်မေးတော့။
"ဒီနေ့ကဝူဝူလေးကြိုက်တဲ့ ပြောင်းဖူးကြော်ရယ် ဂျွန်ကြိုက်တဲ့ပုစွန်အချိုချက်ကလေးချက်မယ် ၊မန်ကျည်းရွက်ဟင်းချိုလည်းချက်မယ်လို့စဉ်းစားထားတယ်"
"ကောင်းတာပေါ့ ပြောင်းဖူးကြော်ကို ကျွန်တော်ကြော်ပေးလို့ရမလားဗျ"
"တိမ်စိုင်ကဒါလည်းလုပ်တတ်တယ်ပေါ့"
"ဒီအတိုင်းချက်စားရင်းနဲ့အကုန်နီးပါးလုပ်တတ်သွားတယ်ပဲပြောရမယ်ဗျ"
တစ်ယောက်တည်းဆိုတော့ လျှောက်ချက်ရင်း ဟိုစပ်စပ်ဒီစပ်စပ်ချက်တတ်သွားသည်။ဒီလုိနဲ့ စကားတပြောပြောနဲ့လျှောက်လာလိုက်ကြတာ ဈေးထဲကိုမြန်မြန်ရောက်လာေတာ့တောင်လိုပုံပြီးချရောင်းနေတဲ့ ပြောင်းဖူးသည်ဆီသွားကာ အန်တီခင်တို့ထိုင်ရွေးကြသည်။ရွေးလို့ရသမျှအဖူးတွေကို ဘေးကတိမ်စိုင်ကိုင်ထားတဲ့ခြင်းတောင်းထဲထည့်ရင်း တခြားဘာမှမဝယ်လိုက်ရသေးဘဲ တစ်ခြင်းလုံးေပြာင်းဖူးနှင့်သာပြည့်သွားခဲ့သည်။
ပြောင်းဖူးကလည်းတစ်ဖူးနှစ်ရာပဲရှိတော့ ရွေးကောင်းကောင်းနဲ့ရွေးလိုက်ကြတာ ဆယ်ဖူးကျော်သွားသည်။အန်တီခင်သယ်ထားရတဲ့တိမ်စိုင့်ကိုအားနာတော့ ဖြူသွယ်နဲ့တစ်ယောက်တစ်ဖက်စီသယ်ခိုင်းပေမယ့် တိမ်စိုင်ငြင်းတာကြောင့်မြန်မြန်ဝယ်ဖို့ ဈေးကိုဆက်ပြီးပတ်ကြည့်ကြသည်။
"သမီး ဒီပုစွန်အလတ်လေးတွေကဘယ်ဈေးလဲ"
"တစ်ပိဿာကို ၁၈၀၀၀ ပါ နှစ်ထောင်လျှော့ပေးမယ်လေအန်တီတို့ဝယ်မယ်မလား"
ရောင်းတဲ့မိနး်ကလေးနဲ့အန်တီခင်တို့က ရင်းနှီးပုံပေါ်သည်။ဖော်ဖော်ရွေရွေပြောနေကြသည်ကိုတိမ်စိုင်သတိထားမိသည်။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20