သူအခန်းထဲ အိတ်ချပြီးဂျူတီကုတ်ဝတ်ကာ အထွေထွေဌာနဘက်ထွက်လာခဲ့လိုက်သည်။

ဘွားအခန်းကိုရောက်တော့ တံခါးအသာဖွင့်ကြည့်လိုက်သည်။ ဒယ်ဒီကိုမတွေ့ ဘွားကိုကြည့်လိုက်တော့ မှိန်းနေသည်မို့ သူအခန်းထဲဝင်လိုက်သည်။

တံခါးဖွင့်သံကြား၍ထင် ဘွား သူ့ကိုကြည့်လာသည်။ ဘာစကားမှတော့မပြောပဲ တဖက်ကိုအနည်းငယ်လှည့်သွားတော့သည်။

သူဝင်သွားပြီး ဘွားကုတင်ဘေးမှာရပ်ကာ..

"ဘွား ကျွန်တော်ကိုအမြင်မကြည်တာသိပါတယ် နားလဲလည်ပါတယ်"

"........"

"တကယ်တော့ မာမီကဘွားထင်သလိုမဟုတ်ပါဘူး အဲဒိတုန်းကမာမီလ​ဲငယ်သေးတဲ့အရွယ်မို့ ဘွားနဲ့အတ္တတွေပြိုင်ခဲ့ကြတယ် ထင်ချင်သလိုထင်ဆိုပြီး အနိုင်မခံအရှုံးမပေးတွေဖြစ်ခဲ့ကြတာပါ.."

"....."

"ပြီးတော့ ဘွားထင်သလို ရိပေါ်တို့သားအဖကို ထားခဲ့ပြီး ကျွန်တော်ဒယ်ဒီနဲ့ယူပြီး ကလေးမရနိုင်တော့လို့ ကျွန်တော့ကိုမွေးစားခဲ့တာမဟုတ်ပါဘူး"

သူ့စကားကြားတော့ ဘွားကနားစွင့်ဟန် မျက်လုံးလေးစောင်းကြည့်လာသည်။ သူအားတက်သွားကာ..

"မာမီမှာလက်ထပ်ထားခဲ့တဲ့ယောက်ျားဆိုလို့ အန်ကယ်ဝမ်တစ်ယောက်ပဲရှိတာပါ... မာမီအလုပ်ကိစ္စနဲ့ နယ်ဘက်ကိုလာရင်း ကျွန်တော့်ကိုတွေ့ပြီး တရားဝင်မွေးစားခဲ့တာပါ"

"ဒါဆို သူ့သူဌေးနဲ့ယူသွားတယ်ဆိုတာ"

"မဟုတ်ပါဘူး တမင်ပြောခဲ့တာပါ"
ဘွားမျက်နှာ အရိပ်တချို့ပြောင်းလဲသွားခဲ့သည်။ သေချာပါသည် ဘွားထင်ခဲ့တာ မာမီကသားနဲ့ယောကျ်ားကိုပြစ်ပြီး အလုပ်ရှင်သူဌေးနဲ့လက်ထပ်တယ် ပြီးတော့ကလေးမွေးစားကြတယ်ပေါ့...

"ဘွား အခုကျွန်တော်လာတွေ့တာ မာမီအပေါ်ထားတဲ့ ဘွားရဲ့ အ​ငြိုးတွေပြေစေချင်လို့ပါ မာမီကသနားဖို့ကောင်းပါတယ် သူသားကိုတွေ့ချင်ပေမဲ့ ဘွားတို့Usပြောင်းသွားတယ်လို့သိပြီး ဝမ်းနည်းစွာဖြတ်သန်းခဲ့ရတာ... ဟိုတလောမှ ချန်ယွိအဆက်သွယ်နဲ့ ပြန်တွေခဲ့ရတယ် ကံမကောင်းတော့ အဲဒိနေ့ပဲ ရိပေါ်ကား accidentဖြစ်သွားခဲ့တယ်"

Perfect love{complete}Where stories live. Discover now