Unicode
မနက်မိုးလင်းနေပေမဲ့ ဝမ်လျိုကျား မာမီကိုစောင့်ရင်းအိပ်ပျော်သွားခဲ့သည်။ ရုတ်တရက် ခေါင်းပေါ်ပွတ်သပ်လာတဲ့ လက်ကြောင့် လန့်နိုးသွားပြီး ကြည့်လိုက်တော့..."ဟင် မာမီသတိရလာပြီလား"
"အင်း သားငယ် မာမီ အိမ်မက်မက်တယ်"
"ဘာကိုလဲမာမီ"
"မြေးက မာမီကိုထားသွားတယ်တဲ့ အဟင့်.."
"မာမီရယ် အိမ်မက်သက်သက်ပါ ရိပေါ်မာမီကိုထားမသွားပါဘူး."
"သားငယ် မာမီအရမ်းတကိုယ်ကောင်းဆန်နေမိပြီလားဟင် အရင်ကသားတွေကိုကောင်းစားစေချင်နဲ့အတ္တ အခုကြတော့ မြေးအလှည့် မာမီအရမ်းအတ္တကြီးမိနေပြီလား"
"မာမီသားတို့ကိုချစ်တာ သားတို့သိပါတယ် ဒါပေမဲ့ မာမီချစ်တဲ့ပုံကလွဲနေယုံလေးပါ ရိပေါ်ကမာမီကိုအရမ်းချစ်ပါတယ် မာမီသာစိတ်လျော့ပြီး အမှန်ကိုမြင်ကြည့်လိုက်ပါ ပြီးတော့စိတ်ရင်းနဲ့လက်ခံပေးလိုက်ပါနော်"
မာမီပါးပြင်ပေါ်မျက်ရည်စီးကျသွားသည်ကို မြင်လိုက်၍ လက်နဲ့ဖွဖွလေးသုပ်ပေးမိသည်။
"မာမီတစ်ယောက်ထဲနေချင်တယ် သားငယ်"
လျိုကျားသက်ပြင်းချကာ မာမီကိုစောင်သေချာခြုံပေးပြီး ထွက်လာခဲ့လိုက်သည်။
..................
ရှောင်ကျန့်မနက်နိုးတော့ ရိပေါ်ကိုမနှိုးတော့ပဲဆေးရုံထွက်လာခဲ့လိုက်သည်။သူဘွားဘွားနဲ့အဆင်ပြေချင်သည် သူကြိုးစားရမယ်မဟုတ်လား...
သူ့ရုံးခန်းထဲဝင်မယ်လုပ်တော့ သူ့caseကိုင်တဲ့ဆရာမနဲ့တိုးတော့သည်။
"Dr.ရှောင် အစောကြီးပဲ မနက်စာရောစားခဲ့ပြီလား"
"မစားရသေးဘူး ဆရာမ"
ဖြေပြီးအခန်းထဲဝင်ဖို့လုပ်ပေမဲ့ သူ့ကလေးစကားတွေးမိကာ တစ်ချက်ပြုံးလိုက်ပြီး..."ဆရာမ လမ်းကြုံရင် ကိတ်နဲ့ကော်ဖီလေး ဝယ်ခဲ့ပေးပါ ပြီးရင်အခန်းထဲပဲထားပေးနော်"
"ရတာပေါ့ ကျမအခုပဲဆိုင်သွားလိုက်မယ်"
ဆရာမလေးကိုင်ထားတဲ့ဖိုင်ကိုချပြီး ဆိုင်တွေဘက်ကိုပြေးသွားတော့သည်။ တစ်သက်နဲ့တစ်ကိုယ် ပထမဉီးဆုံး ကိုယ့်အတွက်မုန့်ဝယ်ခိုင်းခြင်းပင်...