Chapter-53

15.3K 1.2K 37
                                    

Unicode

ညခင်းလေပြေတွေဟာ ရင်ကိုတလှပ်လှပ်
ဖြစ်စေခဲ့သလား။

ခြံထဲမှ ပါတီပွဲအသေးစားက လွန်ခဲ့သည့်
တစ်နာရီကတည်းက စတင်ခဲ့တာဖြစ်သည်။
တဖြူးဖြူးတိုက်ခတ်နေတဲ့ နွေရာသီရဲ့
ညခင်းလေပြေတွေက အေးချမ်းစေခဲ့ခြင်း
မျိုးလား။မီးရောင်စုံတွေ သွယ်တန်းထားတဲ့
သစ်ပင်တွေရယ်၊ငြိမ့်ငြိမ့်ညောင်းညောင်းထွက်
ပေါ်လာတဲ့ သံစဉ်တိုးဖျဖျတွေရယ်က
စိတ်အစဉ်ကို သာယာစေသည်။အချစ်နဲ့အတူ
ယှဉ်ကာတွဲလို့ ခွက်ချင်းတိုက်၍ အတူသောက်
ရသည်က ရင်မှာပျော်မြူးစွာပင်ဖြစ်တည်​၏။

"Cheer!"

သံဆုံပြိုင်ကာ ခွက်ချင်းတိုက်လို့ အေးမြမြ
ယမကာရည်တို့ကိုသောက်သည်။

"ကိုကို ဒီတစ်ခွက်ပဲသောက်နော်"

"အင်း ငါလည်း အများကြီးမသောက်နိုင်ဘူး"

တစ်ငုံသောက်ရုံဖြင့် ပါးအို့တွေ ရဲတက်လာတဲ့
ကိုကို့ကိုလည်း တစ်ခွက်သာသောက်ဖို့ပြောရ
သည်။ရီရီဝေဝေအကြည့်တွေက မောင့်ကို
ဆွဲဆောင်သည်။

"ကျုပ်တို့သားတွေကတော့ စိတ်ချရပြီထင်တယ်"

နေရှင်းအဖေက ပြောတော့ ကျန်လူကြီးတွေက
ခေါင်းတညိတ်ညိတ်။အဆိုးအတေလေး
တွေကနေ ပြောင်းလဲလာလိမ့်မယ်လို့လည်း
ထင်မထားမိ။

"အေးဗျာ အသက်တွေကြီးလာပြီဆိုတော့
သူတို့ကိုလမ်းမှန်ရောက်စေချင်တာတော့
မိဘမေတ္တာပေါ့ဗျာ"

"သားငယ်လေးက နေရှင်းဆိုးရင် မေမေသီ
တို့ကို ပြောရမယ်နော်။မေမေသီတို့က
ဆုံးမပေးမယ်"

"ဒါဆို ခေတ်ခေတ်ဆိုးရင်လည် အစ်ကိုနေရှင်း
က မာမားကိုတိုင်မှာလား"

​အကင်တွေ စားနေရင်းမှ ပလုံးပထွေးပြောလာ
တဲ့ ခေတ်ခေတ်ကြောင့် အားလုံးသဘောကျ
ဖြစ်ကြရပြန်သည်။

"ဖေဖေကျော့်သားငယ်လေးက ဘာဖြစ်ချင်တာလဲ"

"ဆရာဝန်ကြီးဖြစ်ချင်တာ ဖေဖေကျော်ရဲ့။
ခေတ်ခေတ် ပါပါးလိုမျိုး မသေသင့်ဘဲ
မသေရအောင် ခေတ်ခေတ်က ဆေးကုပေး
ချင်တာ။ဒါမှ ခေတ်ခေတ်လို ဝမ်းမနည်းရမှာ
ပေါ့နော်"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now