"အဟမ်း...အဟမ်း"

ရှောင်ကျန်ရှက်သွား၍ လက်ကိုလွှတ်ခိုင်းလိုက်ပေမဲ့ ရိပေါ်မလွှတ်ပေးပေ..

"ဒယ်ဒီ စဉ်းစားနေတာအချိန်ပြည့်ပြီ မာမီကတော့သဘောတူတယ် ဒယ်ဒီရောသားတို့ကို သဘောတူတယ်မလား"

ဝမ်လျိုကျား သားကိုမနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်လိုက်သည်...

"ဒယ်ဒီဆီမှာပဲ တစ်သက်လုံးနေမယ် ဒယ်ဒီလုပ်ငန်းတွေလက်လွှဲယူပေးမယ်ဆိုရင်.."

"NoNo ဒယ်ဒီရဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေ home decorationတွေသားစိတ်မဝင်စားဘူး သားမလုပ်ဘူး ချန်ယွိကောကိုသာလုပ်ခိုင်း သားကသားလုပ်ငန်းနဲ့သားရှိပြီးသား မကြာခင်ဒယ်ဒီကုမ္ပဏီနဲ့စာချုပ်ချုပ်ဖို့လဲ အစီစဉ်ရှိတယ်"

"ဟမ်.. ငါကုမ္ပဏီနဲ့ဟုတ်လား"

"အင်း ကဲပါအဲဒါတွေနောက်မှထား အခုသားတို့၂ယောက်ကိစ္စ.."

"မင်းမာမီတောင်သဘောတူမှတော့ ဒယ်ဒီကဘာပြောရဉီးမှာလဲ"

ရိပေါ်နဲ့ရှောင်ကျန့် ဝမ်းသာသွားသည်။

"Thank you ဒယ်ဒီ"

"ကျွန်တော်တို့ကို နားလည်ပေးလို့ ကျေးဇူးပါ အန်ကယ် ရိပေါ်ကို ကျွန်တော်စောင့်ရှောက်မှာပါ"

"အင်းပါ.. အန်ကယ်သိပါတယ် မင်းနဲ့ဆို ရိပေါ် ပျော်ပျော်ရွှင်ရွှင်နေနိုင်မယ်ဆိုတာယုံတယ်... ဒါပေမဲ့"

"ဒါပေမဲ့ ဘာဖြစ်လဲ အန်ကယ်ပြောပါ"

"အန်ကယ်ဆိုတာကြီးက နဲနဲ အဆင်မပြေသလိုပဲ"
ဝမ်လျိုကျားပြောတော့မှ ရိပေါ်ရောရှောင်ကျန့်ပါသဘောပေါက်ကာ..

"ဟုတ်သားပဲ ကောရဲ့ အခု ဒယ်ဒီလို့ခေါ်ရမှာမလား"

"ရိပေါ် အဲဒါက"
ရှောင်ကျန့်အနေခက်လှသည်။ အန်ကယ်ကခွင့်ပြုပြီဆိုပေမဲ့ ဒယ်ဒီလို့ခေါ်ဖို့က ရုတ်တရက်ကြီးမို့ မထွက်...

"ရှောင်ကျန့် အရင်ကတစ်ခေါက်က ဘာမှနားမလည်ပဲရုတ်တရက်ကြီးဆိုတော့ မင်းအပေါ်နားလည်မှုလွဲသွားတယ် အခုတော့ စိတ်ရင်းအမှန်နဲ့ သားတို့၂ယောက်ကို လက်ခံပေးတာမို့ ဒယ်ဒီကို ဒယ်ဒီလို့ပဲခေါ်ပါ"

Perfect love{complete}Where stories live. Discover now