EPISODE 20

674 82 14
                                    

Zawgyi

"ယွိဖေးရောက်ဖို့ ခဏတော့ စောင့်ရဦးမယ် ထင်တယ်"

"မမလေးယွိဖေးက နောက် ၁နာရီလောက်ကြာပါဦးမယ်လို့ပြောပါတယ်"

"ဟုတ်လား၊ ငါက ကိစ္စမရှိပေမယ့် ဆူဟိုတော့ အားနာစရာဖြစ်နေပြီထင်တယ်"

"Arrnyi ကျွန်တော်လည်း အဆင်ပြေပါတယ် ဥက္ကဌကြီး"

"ဘယ်ဟုတ်မလဲ၊ ကျောင်းတဖက်နဲ့ ကလေးကို ဒုက္ခပေးသလိုဖြစ်နေပြီ"

ဥက္ကဌကြီးနဲ့ သူ့အတွင်းရေးမှူးအပြင် ဆူဟိုပါ Zhang World Tour Agency ရဲ့ lobby မှာရောက်နေသည်။ မနက်အစောပိုင်းကတည်းက ဦးက ကုမ္ပဏီမှာ အရေးပေါ်အစည်းအဝေးရှိသည်ဆိုပြီး ထွက်သွားသည့်နောက်ပိုင်း မနေ့ညက အကြောင်းကို ခုထိမဆက်ဖြစ်ကြသေး။

Fei Jie က ဒီနေ့မှ Changsha မှ ပြန်ရောက်တော့မည့်အတွက် ဆူဟိုနှင့် အလုပ်ကိစ္စတိုင်ပင်စရာရှိသေးသောကြောင့် ယခုစောင့်နေရခြင်း။ပုံမှန်ဆို ဒီအချိန်ဆူဟို
ကျောင်းတက်နေပြီး အိမ်ပြန်ရောက်မှ အလုပ်ကိစ္စအကြောင်းဆွေးနွေးလေ့ရှိပေမယ့် ဥက္ကဌကြီးကိုယ်တိုင်ကလည်း Fei Jie နှင့်တွေ့ရန်ရှိသည်ဆိုသောကြောင့်ဆူဟိုပါ တခါတည်းလိုက်လာဖြစ်သွားသည်။

စင်စစ်မှာ အလုပ်အကြောင်းပြကာ ဥက္ကဌကြီးအားမည်သို့မည်ပုံ ချဉ်းကပ်ရပါ့မလဲဆိုသည့် ကိစ္စရပ်အပေါ်ဆူဟိုခေါင်းစားနေရသည်။ ကျောင်းလည်း ဒီနေ့ခွင့်ယူလိုက်ရသလို ဦးကိုလည်း မရှိ၊ရှိသည့် အစည်အဝေးတက်ခိုင်းထားရသဖြင့် ဒီနေ့အတွက် အကျိုးရှိအောင်
ဆူဟိုကြံရတော့မည်။

ခဏခဏ Fei Jie ကို ကြားခံအသုံးချသလို ဖြစ်နေသည်ကြောင့် တွေ့သည့်အခါကျ မျက်နှာပူရဦးမည်။ Fei Jie ကိုသာ ကြိုပြီး ဖွင့်ပြောခဲ့ဖြစ်ရင် အကြံဥာဏ်ကောင်းရနိုင်သေးသည်။ဒါမှမဟုတ်လည်း အပြီးအပြတ် ကိစ္စဖြစ်ရန်လည်း အကြောင်းဖန်နိုင်သည့်အတွက် ဆူဟို ချက်ချင်းရှေ့မဆက်ရဲသေးခြင်းဖြစ်
သည်။

"ဒီကို မရောက်တာနှစ်နဲ့ ချီနေပြီဆိုပေမယ့် အများကြီးပြောင်းလဲသွားတာမျိုးတော့ မရှိသေးသလိုပဲ"

"ဆူဟိုကရော ဘယ်လိုထင်လည်း"

"ဥက္ကဌကြီး ဘာကိုဆိုလိုတာလဲ မသိဘူး"

COTTON CANDYWhere stories live. Discover now