Unicode
"ကိုကို"
လက်မှာစုပ်လုံးကိုင်ကာ ပုဆိုးစကိုလာဆွဲတဲ့ ဝူဝူ။
"ဒါ ဟိုအိမ်မှာတွေ့ခဲ့တဲ့ကလေးလေးပဲ ကလေးတစ်ယောက်တည်းလား သားဖေဖေရော"
တိမ်စိုင် ဝူဝူ့ကိုကောက်ချီပြီး မေးတော့။
"ဖေဖေဟိုးဘက်မှာရှိယယ်"
စုပ်လုံးကိုပါးစပ်ထဲပြန်ထည့်ပြီး ဝူးဝူးဝါးဝါးနှင့်ပြန်ပြောသည်။တိမ်စိုင်နှင့်တွေ့တာ ဝူဝူကံကောင်းသွားသည်။ဒီနေ့တိမ်စိုင် သူ့အမေသွေးအန်တဲ့အတွက် ဆရာဝန်ကိုလာအကြောင်းကြားကာ ဆေးရုံခန်းကနေထွက်လာခဲ့ပြီး ဓာတ်လှေကားရှေ့မှာစောင့်နေရင်း ဝူဝူနဲ့တွေ့သည်။
"ဘယ်ဘက်မှာလဲ ကိုကိုလိုက်ပို့ပေးမယ် နောက်ဆိုေဖေဖမသိဘဲတစ်ယောက်တည်းလျှောက်မသွားနဲ့နော် သားကိုလူဆိုးတွေဖမ်းသွားရင်ဘယ်လိုလုပ်မလဲ"
တိမ်စိုင် ဝူဝူ့ကိုမေးတော့သူစုပ်နေတဲ့စုပ်လုံးကိုပါးစပ်ထဲကပြန်ထုတ်ပြီး။
"ကျန်ချမှာပေါ့ ဝူဝူ့မှာအားယေရှိယယ် ကြောက်ဘူး"
"အမလေး ကလေးသေးသေးလေးကစကားတတ်လိုက်တာ ဟုတ်ပါပြီဗျာ ကျန်ချပါ ကျန်ချပါ"
ဘယ်လိုကလေးလေးလဲမသိ။လက်မောင်းကိုမ,ပြပြီး သူဗလရှိကြောင်းပြနေသည်။ပြန်တောင်ချအုံးမည်။အဲ့ဒါနဲ့ ဝူဝူညွှန်တဲ့အတိုင်း တိမ်စိုင်ဝူဝူ့ကိုချီပြီးလာရင်း လမ်းမှာကိုမင်းအိုင်နှင့်တွေ့သည်။ကိုမင်းအိုင်ရဲ့အနောက်မှာတော့ ဝီးချဲနဲ့ကလေးကိုလိုက်ရှာနေတဲ့ ဂျွန်။ကေလးချီထားတဲ့တိမ်စိုင့်ကိုမြင်ေတာ့ သက်ပြင်းချလိုက်ကာ။
"တော်ပါသေးရဲ့ သားလေးအန္တရာယ်ကင်းကင်းရှိနေလို့"
"ဝူဝူ"
ကလေးကိုချီဖို့အပြေးလာတဲ့ ကိုမင်းအိုင်ကိုတိမ်စိုင်မမြင်ဘူးလားမသိ ကိုမင်းအိုင်ကိုကျော်ပြီး ဂျွန့်ဆီကိုကလေးသွားပေးသည်။မမြင်ရအောင်လည်း ဆင်လောက်ရှိတဲ့ခန္ဓာကိုယ် ပုရွက်ဆိတ်မှမဟုတ်ဘဲ။ကိုမင်းအိုင်လက်ကြီးကားပြီး ကြောင်ကာ ကျန်နေခဲ့သည်။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20