Unicode
ဗီး ဗီး ဗီးးးးးး
ဂျွန်တို့စကားပြောနေကြတဲ့အချိန်မှာ ကိုမင်းအိုင်ဆီကိုဖုန်းတစ်ကောဝင်လာသည်။
"ဟယ်လို ဘာကိစ္စရှိလို့ပါလဲ"
"ဟယ်လို ကလေးလားမသိဘူး"
"ဘယ်က ကလေးလဲ ဖုန်းမှားနေပြီထင်တယ်"
"မမှားပါဘူး ဒီဖုန်းပိုင်ရှင်က ကလေးလို့မှတ်ထားလို့ပါ"
"ဘယ်သူလဲ"
ကိုမင်းအိုင်ဖုန်းပြောသံကြားတော့ ဂျွန်ဝင်မေးတာနဲ့ ဖုန်းကိုဂျွန့်ဆီလွှဲပေးလိုက်သည်။
"ကလေးနဲ့ပြောချင်လို့ပါ"
ကလေးဆိုတော့ ဂျွန်လည်းသူ့သားကိုငုံ့ကြည့်ပြီး။
"ကျွန်တော့်သားနဲ့လား"
တစ်ဖက်ကလူနှစ်ယောက် ကလေးဆိုတဲ့စကားလုံးနှစ်လုံးနဲ့တိုင်ပတ်နေကြသည်။တိမ်စိုင်ကလည်းမှတ်ထားတာမရှင်းမရှင်းကိုး။သတင်းစာထဲက ကလေးထိန်းခေါ်တဲ့ဖုန်းနံပါတ်ကို နာမည်အပြည့်အစုံမရေးထားဘဲ ကလေးလို့ရေးပြီးမှတ်ထားတော့ နှစ်ဖက်စလံုးဒုက္ခေရာက်ေနကြသည်။
"ဘာတွေပြောနေမှန်းမသိဘူး ဟိုလေ ဖုန်းပိုင်ရှင်ရေနစ်နေလို့ ခုကျွန်တော်တို့ဆယ်ထားတာ အဲ့တာကြောင့်ဒီဖုန်းနံပါတ်ကိုဆက်လိုက်တာ ကလေးလို့မှတ်ထားတော့ ဒီကောင်လေးရည်းစားထင်လို့ ဘာပဲဖြစ်ဖြစ်လာခေါ်လိုက်ပါလား မဟုတ်ရင်သူအအေးပတ်ပြီးသေသွားလိမ့်မယ်"
အဲ့တာနဲ့ပဲ ဂျွန်ကသွားခေါ်ဖို့အတွက် ကိုမင်းအိုင်ကိုလွှတ်လိုက်သည်။မလွှတ်ရင်လည်း ဒီကောင်လေးတစ်ခုခုဖြစ်သွားခဲ့လို့ရှိရင် အမှုပတ်မည်။ဒါကြောင့် နောက်ကိစ္စနောက်မှရှင်းမယ်ဆိုပြီး သွားခေါ်ခိုင်းလိုက်သည်။
"သူဌေးဒီကောင်လေးကိုဘယ်မှာထားရမလဲ"
ကိုမင်းအိုင် ရေတွေစိုရွှဲနေတဲ့တိမ်စိုင့်ကို အိမ်ထဲပွေ့ချီလာပြီး ဂျွန့်ရှေ့မှာရပ်ကာမေးသည်။
"ကျွန်တော့်အခန်းထဲကိုပဲပို့ထားလိုက်"
ကိုမင်းအိုင် တိမ်စိုင့်ကိုမနိုင်မနင်းနဲ့သယ်ပြီးအပေါ်ထပ်တက်သွားတော့ ဝူဝူသူ့အဖေပေါင်ပေါ်ကနေခုန်ဆင်းကာအပေါ်ထပ်ကိုလိုက်သွားသည်။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20