[၂.၂] အရူးတုဟိန်။

16.5K 2K 22
                                    

အခန်း(၂) အရူး တုဟိန်(၂)
.....

အခြေအနေကပိုဆိုးသွားခဲ့ပြီး တုဟိန်မွေးကင်းစအရွယ်သာရှိနေသေးစဥ်၊ သူ့အမေကလည်းနာမကျန်းဖြစ်၍သေဆုံးသွားခဲ့သည်။ ထူးခြားပြီးကောက်ကျစ်သောမိထွေးတစ်ယောက်အနေဖြင့် ချန်တန်းဟာထိုခေါင်းစဥ်အောက်မှာမနေဘဲသူ့ကိုမနှိပ်စက်ခဲ့ပေ။ ယခုအချိန်ထိတုဟိန်ချောချောမွေ့မွေ့နေလာနိုင်သည့်အကြောင်းရင်းကား မည်သူကမျှဤဉာဏ်မကောင်းသောမသန်မစွမ်းအရူးနှင့် အဆက်အဆံမလုပ်ချင်သောကြောင့်။ ထို့နောက်တွင် မိစ္ဆာဘုရင်ရွှမ်လီပြန်လည်ရှင်သန်ရေးအတွက် မိန်းကလေးနှင့်ယောကျ်ားလေး၁၈ယောက်ကို ယဇ်ကောင်အနေဖြင့်ရွေးချယ်လာခဲ့သောအခါ၊ ချန်တန်းကသူမ၏ချစ်လှစွာသောသားအရင်းကို သွားသေရန်မပို့နိုင်ပေ။ သူမစိတ်ဆင်းရဲနေချိန်တွင် သူမကတုဟိန်ကိုတွေးမိသည်။

တုဟိန်နှင့်တုလီဟာ အစကတည်းက အသက်တူ၊အဆင့်အတန်းတူသောညီအစ်ကိုဖြစ်သည်။ သူတို့၏ရုပ်ရည်သွင်ပြင်မှာလည်း တစ်ဝက်မျှပင်ဆင်တူပုံပေါက်သဖြင့် ချန်တန်းက တုဟိန်၏မျက်နှာကိုအနည်းငယ်ပြုပြင်ပြီး သူ၏အစ်ကိုကဲ့သို့ဝတ်စားဆင်ယင်ပေးခဲ့သည်။ သူဟာ ယောကျ်ားလေး၊မိန်းကလေး၁၇ယောက်နှင့်အတူ မိစ္ဆာဘုရင်ရွှမ်လီ၏ကောင်းကင်မြေကြီးဟု တင်စားခေါ်ဝေါ်သည့်မိစ္ဆာဂူထဲကိုအပို့ခံလိုက်ရသည်... သူကကျန်းရွှင်းယီနှင့်မည်သို့လူစားထိုးခံလိုက်ရသလဲဆိုတာ မရှင်းလင်းသေးပေ။

ကျန်းရွှင်းယီအသက်ရှုတာကိုတိတ်တဆိတ်ထိန်းချုပ်လိုက်ပြီး* ဒီခန္တာကိုယ်တွင်တကယ်တမ်းကောင်းချီးပေးသောစွမ်းအင်ရှိကြောင်း သူသိလိုက်ရသည်။ သူ၏အရင်ခန္တာကိုယ်ထက်အားနည်းတယ်ဆိုပေမဲ့ တုဟိန်အဆင့်တက်ဖို့ကို တစ်နည်းနည်းနှင့်ကျင့်ကြံလို့ရသေးသည်။ ဤကဲ့သို့တရားနှင့်နှစ်သိမ့်ခြင်းဟာ သူ့အား အပြင်ကမ္ဘာမှာဘာတွေဖြစ်နေသလဲဆိုတာဂရုစိုက်စေဖို့ သူ၏စိတ်အခြေအနေမြင့်တက်လာစေရန်လုံလောက်သည်။

အကြီးဆုံးအစ်မဖန်ဟုအခေါ်ခံရသောမိန်းကလေးကား တကယ်တမ်းတွင်ချန်မျိုးရိုးဖြစ်သည်။ သူမဟာလည်း ကြီးမြင့်သောကျင့်ကြံရေးမိသားစုမှမိန်းမငယ်လေးဖြစ်ပြီး တကယ်တော့ ချန်တန်း၏တူမဖြစ်သည်။ ထို့ကြောင့် တုလီမဟုတ်ဘဲတုဟန်ဖြစ်မှန်း သူမမှတ်မိခြင်းပင်။ ထိုအခိုက်အတန့်တွင် သူမဟာစကားပြောရင်းငိုနေတုန်းပင်။ သူမမျက်ရည်တွေကိုဖြတ်၍ထွက်လာသော သူမ၏စကားလုံးတွေဟာ ရိုးရှင်းစွာဖြင့် အတော်လေးရှင်းလင်းပြီးအသေးစိတ်ကျသည်။ ဘေးမှခဏလေးနားထောင်ပြီးနောက်၊ ကျန်းရွှင်းယီသူ့ရှေ့မှောက်ရှိအခြေအနေကို အခြေခံမျှနားလည်သွားရသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now