031 : ချယ်ရီသီး
" ထတော့ ကောင်လေး ... မနက်စာ စားဖို့ အရမ်းနောက်ကျနေပြီ "
" ကျွန်တော်က ဘာလို့ ထရမှာလဲ ... ... " ရှောင်ရန် ရီရီဝေေ၀ဖြစ်နေတဲ့ သူ့မျက်လုံးတွေကို ပွတ်သပ်လိုက်တယ်။ သူက အရန်စစ်သားလေးတစ်ယောက်ပဲကို သူ့စိတ်တိုင်းကျ အိပ်လို့ရသင့်ပါတယ်။
" ငါတို့ ဒီနေ့ စခန်းဝန်းကျင်ကို စောင့်ကြည့် စစ်ဆေးရမယ် "
" ... ... အဲဒါ ကျွန်တော်က ဘာလုပ်ပေးရမှာလဲလို့ ... " ရှောင်ရန် စိတ်ကြည်မနေတော့ဘူး။
" စည်းမျဉ်းအသစ်ကို မင်းမသိသေးဘူးလား? အထူးတပ်ဖွဲ့တိုင်းက စစ်ဆင်ရေးတွေအတွင်း သူတို့နဲ့ နည်းပညာစစ်သားတစ်ယောက် ခေါ်ဆောင်သွားရမယ်ဆိုတာ " မာခ်က ' မင်း ဂြိုလ်သားလား 'ဆိုတဲ့ အကြည့်နဲ့ စိုက်ကြည့်နေခဲ့တယ်။
" ... ... ကျွန်တော်က အကူသက်သက်ပဲ ရှိသေးတယ်။ နည်းပညာ စစ်သား မဟုတ်သေးဘူး " သူတို့နဲ့အတူ စစ်ဆေးရေး အနည်းငယ် လုပ်ခဲ့ပြီးတာမို့ မာခ်က သူ့ကို အဖွဲ့သားတစ်ယောက်အဖြစ် သတ်မှတ်ထားမှန်း သူသိတယ်။ ဒါပေမဲ့ အဲဒီ့က အတွေ့အကြုံတွေအရ သူဘာမှ လုပ်နိုင်တာ မရှိတဲ့အခါ သူက သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေတယ်ဆိုတာကိုလည်း သူ ဝန်ခံရမယ်။
" စစ်တပ် ဥပဒေ၊ ပိုဒ်ခွဲ ၃၂ : အရံ စစ်သားတစ်ဦးသည် တရားဝင်စစ်သားတစ်ဦးရဲ့တာဝန်တွေအတွက်လည်း တာဝန်ယူရမည်။ ထို့ပြင် အရေးပေါ် အခြေအနေအတွင်း သို့မဟုတ် အစားထိုးတာဝန်ခံအပ်ခြင်းတွေမှာလည်း အမိန့်ကို လိုက်နာ ဆောင်ရွက်ရမည် " ရိဗ်က ရှောင်ရန်ဆီကို လာကာ သူ့ပါးကို လှမ်းဖျစ်လိုက်တယ်။
" ဒါဆို အရေးပေါ်မဟုတ်ပဲ ကျွန်တော့်ကို မရွေးသင့်ဘူးမဟုတ်ဘူးလား! " ရှောင်ရန် အခိုင်အမာ ထုတ်ပြောလိုက်တယ်။
" ငါတို့က အခု 'အစားထိုး တာဝန်ထမ်းဆောင်နိုင်တဲ့သူ မလုံလောက်'တဲ့ အခြေအနေဖြစ်နေတယ် " အဲလိုပြောပြီးတာနဲ့ ရိဗ်က ရှောင်ရန်ကို အိပ်ရာထဲကနေ ဆွဲထုတ်ပြီး လိုအပ်တဲ့ပစ္စည်းတွေ ထုပ်ပိုးဖို့ တွန်းလွှတ်လိုက်တယ် " အရမ်း စိုးရိမ်မနေနဲ့။ ငါတို့ ဒီအတိုင်း ရိုးရိုးကင်းလှည့်ရုံတင်။ ပြီးတော့ မင်းကိုယ်မင်း ယုံကြည်ချက် ထားစမ်းပါ! မင်းက အဲဒီ ရာထူးရပြီးသား နည်းပညာစစ်သည်တွေထက် ပိုတော်ပြီးသားပါ "
YOU ARE READING
ကမ္ဘာဆုံးတိုင်
Romanceဒီnovelလေးကသုတေသနပညာရှင်ပေါက်စလေး တစ်ယောက်အကြောင်းပေါ့.. တွန်းအားပေးခံရပြီး အေးချမ်းနေတဲ့ဘဝကနေ အမျိုးမျိုးသောလူသတ်သမားတွေ.. zombiesတွေနဲ့ တွေ့ကြုံနေရပြီး အမြဲလိုလိုသေခြင်းတရားကနေ လွတ်အောင် ဖျက်လတ်စွာ ရှင်သန်နေရတယ်..။ နောက်ဆုံးတော့.. အခြားသုတေသနပညာ...