[Zawgyi]
ပြောသမျှကိုငြိမ်ပြီးနားထောင်မယ်။ပြီးရင် Kitနဲ့မခွဲနိုင်ဘူးဆိုတဲ့အကြောင်းကိုပြောမယ်ဟူသော
ရည်ရွယ်ချက်နှင့်အိမ်ပြန်လာခဲ့ခြင်းပင်ဖြစ်၏။သို့သော်လည်း ကိုယ့်အိမ်ထဲသို့ပြန်ဝင်လာသည့် သူ၏ခြေလှမ်းတို့သည် နှေးကွေးနေခဲ့သည်မှာ
မလွဲဧကန်ပင်ဖြစ်ပေသည်။ ဧည့်ခန်းထဲတွင် သူ၏မိဘနှစ်ဦးမှာလည်း အဆင်သင့်ထိုင်နေကြ၏။Ming's Dad " Ming!လာထိုင်
ပြတ်သားလှသော သူ့အဖေ၏အမိန့်ဆန်ဆန်အသံကြောင့် ...
Mingဝင်ထိုင်လိုက်၏။ ထို့နောက်တွင် သူ့မိဘ၏အခြေအနေကို အကဲခတ်ကြည့်နေမိသည်။
အချိန်တခုအထိ နှုတ်ဆိတ်နေသောဧည့်ခန်းလေးတွင်
Ming၏အမေကMing's Mom "
Ming...သားက တစ်ဦးတည်းသောသားမို့လို့ ငယ်ငယ်လေးကတည်းက မားတို့ ပိုးမွေးသလို
မွေးလာခဲ့တာသားသိပါတယ်။သားရဲ့ရှေ့ရေးအတွက်လည်း မားတို့ စီစဉ်ပေးခဲ့တယ်။ဒါပေမဲ့ မားတို့အမြင်မှားသွားပြီး သားကို ထိခိုက်နာကျင်စေခဲ့မိတယ်။ ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက် မားတို့နှစ်ယောက်စလုံး
သိလိုက်တာက အရင်လိုမားတို့ သားဒဏ်ရာမရအောင်
လိုက်စောင့်ရှောက်မပေးနိုင်တော့တာပဲ။ ဒါပေမဲ့လည်းသူ့အမေ၏စကားတို့ကိုနားထောင်နေသော်လည်း သူသိပ်ပြီးနားမလည်။
ထို့အပြင်စကားပြောနေရင်းနှင့် တုံ့ဆိုင်းသွားသော
သူ့အမေကြောင့် သူ၏အဖေကMing's Dad " စကားတွေများလိုက်တာ...
Ming...ပါးပြောမယ် မင်းကိုKitနဲ့သဘောတူလိုက်ပြီရုတ်တရက်ကြီးမို့ Ming၏မျက်လုံးတို့သည် အံ့ဩမှုတို့ကြောင့်ပြူးကျယ်သွား၏။
Ming's Mom " Wayoလာပြောပြလို့ မားတို့ပြဿနာအစအဆုံးကိုသေသေချာချာ
သိသွားခဲ့တယ်။ Kitကသူ့အသက်ကိုမငဲ့ဘဲနဲ့ သားကိုကယ်ပေးခဲ့တယ်ဆိုတာရောပေါ့။ သားတို့နှစ်ယောက်အတူရှိနေရင် အရာရာကို
ကျော်ဖြတ်နိုင်မယ်လို့ မားတို့ထင်ပါတယ်။Ming " မားတို့ တကယ်ပြောနေတာလား?
နားကြားမှားသည်ဟု သူထင်နေသောကြောင့်
သေချာအောင် အတည်ပြုလိုက်ခြင်းပင်။
ထိုအခါ အဖေဖြစ်သူက