ဒါပေမဲ့ သူတို့ကို နှုတ်ဆက်လာတာကတော့ သူတို့ မျှော်လင့်ထားတဲ့နာကြင်မှု မဟုတ်ဘဲ ... သူ့နားနားက ဖြတ်သွားတဲ့ အေးစက်တဲ့ လေတိုးရိပ်သာ ဖြစ်ခဲ့တယ်။ ချက်ချင်းဆိုသလိုပဲ ... ရှောင်ရန် ခေါင်းမော့ကြည့်လိုက်တော့ ဓားသွားထိပ်ဖျားလေးကို တွေ့လိုက်ရတယ်။

" မတ်တတ်ရပ်တော့ ... ဒီတစ်ခါ မင်း အမီမလိုက်နိုင်လည်း ငါရပ်ပေးတော့မှာ မဟုတ်ဘူး " အဲဒီ့လူရဲ့ အသံထဲမှာ ဖိနှိပ်ထားတဲ့ ဒေါသတွေ ပြည့်နှက်နေခဲ့တယ်။

ရှောင်ရန် အံ့သြတကြီးနဲ့ အဲဒီ့လူကို ငေးကြည့်နေမိတယ်။ အပေးအယူတစ်ခုထက် မခြားနားတဲ့ အမူအကျင့်တစ်ခုဆိုပေမဲ့ သူတို့အတွက် ဟိန့်ဘာတန်က ပြန်လှည့်လာပေးလိမ့်မယ်လို့ သူတစ်ခါမှ မတွေးခဲ့ဖူးဘူး။ ပြီးတော့ သူ့အကြည့်တွေက ဖုံးကွယ်ထားခြင်း မရှိတဲ့ ခါးသီးတဲ့ခံစားချက်တစ်မျိုးကို သယ်ဆောင်လာခဲ့တယ်။

လီလီရဲ့ မျက်လုံးတွေက ဟိန့်နဲ့ အကြည့်ချင်းဆုံသွားတဲ့ အခါမှာ ... သူမ ကြောက်လန့် တုန်လှုပ်သွားခဲ့တယ်။

ရှောင်ရန်ကတော့ အပြာရောင်အေးစက်စက် အကြည့်တွေထဲမှာ မတူကွဲပြားမှုကို မြင်နေရတယ်။ သူ့ရဲ့ မယိမ်းမယိုင်တဲ့ ဆုံးဖြတ်ချက်ပေါ့။ ဒီလူက သူ့ရဲ့နောက်ဆုံးထွက်သက်အထိ လက်လျော့မှာ မဟုတ်ဘူး။

" ငါ ဘယ်လိုလုပ် အစောကြီး လက်လျော့မိသွားတာပါလိမ့် "

ရှောင်ရန် သူ့ကိုယ်သူ မကျေမနပ်နဲ့ တွေးလိုက်မိတယ်။

သူတို့ ထပ်ပြီး နောက်တစ်ကြိမ် ပြေးခဲ့ကြပြန်တယ်။ နောက်နေ ဇွန်ဘီတအုပ်တမကြီးကလည်း ထပ်ကြပ်မကွာလိုက်နေရင်းသားနဲ့ သူတို့ အက်ကြောင်းထင်နေတဲ့ စင်္ကြန်လမ်းကို ဖြတ်သွားရတော့မဲ့အချိန်မှာ ဟိန့်က ရှောင်ရန်နောက်မှာ ကျန်ခဲ့ပြီး သူတို့ကို ရှေ့ကို ရောက်အောင် ပို့လိုက်လေတယ်။

ရှောင်ရန် နောက်လှည့်ကြည့်လိုက်ပြီး အဲဒီ့မှာ တစ်ခုခုကို သေချာ ဆုံးဖြတ်ပြီးသားပုံစံနဲ့ မတ်တတ်ရပ်နေတဲ့ ဟိန့်ကို ငေးနေခဲ့မိတယ်။ သူသိပါတယ်။ ဘာတွေ ဘယ်လိုဖြစ်ဖြစ် ... ဒီလူက အသက်ရှင် ကျန်ရစ််နိုင်မယ်ဆိုတာ။

ကမာၻဆံုးတိုင္Where stories live. Discover now