- 029 - U &Z

2.9K 742 37
                                    


029 : ငါတို့ အားလုံး အနှေးနဲ့ အမြန် သေကြရမှာပဲ

သူ့ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်ကို ရှောင်ရန် သိတယ်။ ဒါပေမဲ့ သူ အဲဒါထက်ပိုပြီး ကောင်းကောင်းသိနေတာက ... သူ့ဘဝတစ်လျှောက်လုံး အပြစ်တင်စိတ်က သူ့ကို လုံးဝ ၀ါးမျိုသွားတဲ့အထိ လီလီရဲ့အကြည့်တွေကို မေ့နိုင်မှာ မဟုတ်ဘူးဆိိုတာပဲ။

သူ့အဖေ သူ့ကို တစ်ခါပြောပြခဲ့ဖူးတာကို မှတ်မိနေသေးတယ်။ ငါတို့သေခြင်းတရားကို ဘယ်လောက်ပဲ ကြောက်လန့်နေပါစေ တစ်နေ့တော့ ငါတို့ ကြုံတွေ့ရမှာပဲဆိုတာ။ ဒါပေမဲ့ အရှက်တရားကို ဖိတ်ခေါ်တဲ့ အကြောက်တရားကိုတော့ ငါတို့ လက်ခံလို့ မဖြစ်ဘူး။ သေခြင်းတရားထက် ပိုပြီး သည်းခံရခက်ခဲတဲ့ အရှက်တရားက ဘဝတစ်သက်လုံး ရှိနေလိမ့်မယ်။

ဒါက ရူးနှမ်းတဲ့ ရွေးချယ်မှုမျိုး ဖြစ်ချင်ဖြစ်နိုင်ပေမဲ့ ရှောင်ရန်ကတော့ ဟိန့်ဆီကို ပြန်မလှည့်တော့ဘူး။

ဇွန်ဘီတစ်ကောင်က သူမဆီလာတဲ့အခါ ကြောက်လန့်တုန်ရင်နေပြီး နံရံဆီ ဖက်တွယ်ထား လီလီထိုင်နေတဲ့ နေရာဆီကို သူ ပြေးသွားလိုက်တယ်။

ရှောင်ရန် ရှေ့ကို သွားပြီး သူမကို မြေပြင်ကနေ ဆွဲထူလိုက်တယ်။

" ထ " သူ သူမကို ဒေါသတကြီး အော်ဟစ်မိလိုက်တယ်။

သူမက သူ့ကို မယုံကြည်နိုင်သလို ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တယ်။ သူ သူမအတွက် ပြန်လာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဖူးဘူး။

ရှောင်ရန် သေခြင်းတရားကို စောင့်ဆိုင်းပြီး ကြောက်ရွံ့နေရမှာထက် သူ့နောက်ဆုံးထွက်သက် မတိုင်ခင်အထိ ပြေးလွှားနေပစ်ဖို့ အလိုရှိတယ်။

မရေမတွက်နိုင်တဲ့ ဇွန်ဘီတွေက သူတို့အပေါ်ကို ခုန်အုပ်လာကြတယ်။ ဇွန်ဘီတစ်ချို့က သူတို့ကို လှမ်းဆွဲတဲ့ အခါ သူတို့ မြေပြင်မှာ ဝပ်နေခဲ့ကြတယ်။

သူတို့ အသက်အောင့် ထားကြပြီး စိတ်အားငယ်စွာနဲ့ မျက်လုံးတွေကို မှိတ်ထားရင်း သူတို့အတွက် ရောက်လာမဲ့ အနာကြင်ရဆုံး အခိုက်အတန့်တွေကို စောင့်ဆိုင်းနေခဲ့ကြတယ်။

ကမာၻဆံုးတိုင္Where stories live. Discover now