EPISODE 4

827 131 12
                                    

Zawgyi

"ဗျာ.........အိမ်ပေါ်က ဆင်းရမယ်။"

ဆူဟိုတယောက် ဆလတ်ရွက်နဲ့ အသားကို ထုပ်ပြီး
အားရပါး ပလုပ်ပလောင်းစားနေရင်းကနေ ပါးလေး
နှစ်ဖက်ဖောင်းနေတဲ့ပုံစံက ယုန်ပေါက်စလေးနှယ်
ချစ်ဖို့ကောင်းပေမယ့် အဒေါ်ကြီးကတော့ သက်ညှာ
လိုစိတ်ရှိပုံမပေါ်ပါ။

စားလက်စ ထမင်းလုပ်လေးတောင် မနည်းမျိုချလိုက်ရ
သဖြင့် နင်မလိုဖြစ်သွားသော ဆူဟိုအတွက် အဒေါ်ကြီး
က ရေတခွက်ချပေးသည်။

"အဒေါ်ကြီး....တကယ်ကြီးပြောနေတာလား။"

စိုးရိမ်တကြီး မျက်လုံးလေးတွေ ဝိုင်းကာ အသည်း
အသန် မေးနေသော်လည်း အဒေါ်ကြီးကတော့ အေးရာ
အေးကြောင်း ဟင်းရည်ထပ်ထည့်ပြီး ဆူဟိုအနားတိုး
ပေးသည်။

"ဟင်းရည်တွေ အေးကုန်တော့မယ်၊ မြန်မြန်စားလေ။"

"အဒေါ်ကြီးလို့.............."

"အမလေး ဖြေးဖြေးပြောပါ ဆူဟိုရဲ့၊ ငါ့နားတောင်
ကွဲတော့မယ်။အင်း ဟုတ်တယ်။ ဒီလကုန် နောက်ဆုံးပဲ။
အဲ့တာ မင်းလည်း ပြင်ထားလို့ရအောင် ကြိုပြော
ထားတာ။"

"ရုတ်တရပ်ကြီး ဘာထဖြစ်တာလဲဗျာ။ ဒီလအတွက်လစာအပြင် နောက်လစာပါ ပေါင်းပေးမယ်ဆိုတာကို။
ဟင်းဖိုးတွေလည်း ကျွန်တော် မနေ့ကဆပ်တယ်လေ။"

"နင့်ကြောင့် မဟုတ်ပါဘူး ကောင်လေးရဲ့။ငါလည်း ငါ့
အခက်အခဲနဲ့ ငါရှိတာပဲလေ။"

"အဒေါ်ကြီး သား ဂျွန်ဆောင်းအတွက် ကျောင်းစရိတ်
မပြေဘူးဆိုလည်း ကျွန်တော် အလုပ်ပိုလုပ်ပြီး
ငွေကူညီပေးမှာပေါ့။"

"ကောင်စုတ်လေးရဲ့....နင်က ကျောင်းသားလား
အလုပ်သမားလား။ အားနေ ဒီအလုပ်ပြီးအလုပ်နဲ့။
ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ဦး
ဒီအရွယ်ယောင်္ကျားလေးတယောက်က သန်သန်မာမာ
ဖြစ်သင့်တာကို အခုတော့ လူလေးက ပုပုသေးသေး
ဖြူဖတ်ဖြူရော်လေးနဲ့ အားကိုမရဘူး။ရော့ အသားတွေ
အကုန်ထည့်စားချေ။"

တွေ့သမျှအသားကင် အကုန် အဒေါ်ကြီးက ထည့်ပေး
နေသော်လည်း ဆူဟို့ပုံလေးက မိုးပြိုတော့မယောင်
ငိုမဲ့မဲ့လေးဖြစ်နေရင်းက အသားကင်ကို တူနဲ့ ညှပ်ပြီး
ဝါးနေသည်။

COTTON CANDYWhere stories live. Discover now