024 : အဆုံးသတ်လား ... လမ်းစလား
နှစ်ဖက်ထိန်းစနစ်က သူ့ကို စိတ်ဖိစီးစေနေတဲ့ တချိန်တည်းမှာ ' ကြားဖျက်နှောင့်ယှက်သူ ' တွေကလည်း သူ့စိတ်ကို အဆက်မပြတ် နှောင့်ယှက်တိုက်ခိုက်နေခဲ့ကြတယ်။ ဖျက်ဆီးခံလိုက်ရတဲ့ သူ့အတွေးအမျှင်တန်းကို ပြန်လည်စုစည်းရင်း ခပ်မြန်မြန်စဉ်းစားဖို့ သူ့ကိုယ်သူ တွန်းအားပေးလိုက်တယ်။ ပျက်စီးလာတဲ့အရှိန်က တိုးလာလေ သူ့ဦးနှောက်ရဲ့အားစိုက်မှုကလည်း ပိုလာရတယ်။ သူ့ဦးနှောက် လုပ်ဆောင်နေတာကို ထိန်းသိမ်းဖို့ နည်းလမ်းရှာရင်း terminal ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း တွက်ချက်သတိထားနေရတယ်။
ဒါက တိုက်ပွဲပဲ။ ဘာမှ ဖြစ်မလာခင်ကတည်းက တစ်ဖက်လူရဲ့ ခြေလှမ်းကို ကြိုတင် ခန့်မှန်းထားနိုင်ပြီး သူ့စိတ်ရဲ့ ခုခံမှုအပိုင်းကိုလည်း သန်မာအောင် လုပ်ထားမှ ဖြစ်မယ်။
" စခန်းကို ရောက်ဖို့ ဆယ့်တစ်မိနစ်အလို " system က ကြေငြာခဲ့တယ်။
တစ်မိနစ်ကုန်သွားဖို့က ဆယ်စုနှစ်တစ်ခုကို ဖြတ်ကျော်နေရသလိုပဲ။
အဲဒီ့အချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ကြည်လင်တဲ့အသံက ထွက်ပေါ်လာခဲ့တယ် " သုတေသန အမှတ်(၂)စခန်းက ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး သင့်ရဲ့ IDဖော်ပြပါ "
" ရှောင်-ရှောင်ရန် ... ... ID1665 ... ကျွန်- ကျွန်တော်တို့ ' ကြားဖျက်နှောင့်ယှက်သူ ' နဲ့ ရင်ဆိုင်နေရပါတယ် ... ... နှစ်ဖက်ထိန်းစနစ်လည်း မထိန်းနိုင်တော့ပါဘူး ... ... "
အမှတ်(၂)စခန်းရဲ့ ထိန်းချုပ်ရေးခန်းထဲမှာ ... ဆက်သွယ်ရေးအရာရှိက ချက်ချင်းပဲ တာဝန်ရှိသူ ကာနယ်ရှန်ပင်းကို ဆက်သွယ်လိုက်တယ် ... ...
" ကာနယ် ... လိုင်းအမှတ်တစ်က ဆက်သွယ်ရေးအရာရှိပါ။ အရေးပေါ်အခြေအနေအတွက် သတင်းပို့ပါတယ်! "
" အင်း " အေးတိအေးစက် အသံတိုးတိုးက အကြောင်းပြန်လာခဲ့တယ်။
" စခန်းအမှတ် (၁၄) ကနေ ကျွန်မတို့စခန်းဆီ ထွက်ခွာလာတဲ့ လေယာဉ် K388 က အခု တစ်ဦးတည်း မောင်းနှင်လာပြီး လေယာဉ်မှူးက ကပ်ပတိန်ဂျွန်ရော၊ ကပ်ပတိန်ဒင်းရော မဟုတ်ဘူးလို့ သိရပါတယ် "
YOU ARE READING
ကမ္ဘာဆုံးတိုင်
Romanceဒီnovelလေးကသုတေသနပညာရှင်ပေါက်စလေး တစ်ယောက်အကြောင်းပေါ့.. တွန်းအားပေးခံရပြီး အေးချမ်းနေတဲ့ဘဝကနေ အမျိုးမျိုးသောလူသတ်သမားတွေ.. zombiesတွေနဲ့ တွေ့ကြုံနေရပြီး အမြဲလိုလိုသေခြင်းတရားကနေ လွတ်အောင် ဖျက်လတ်စွာ ရှင်သန်နေရတယ်..။ နောက်ဆုံးတော့.. အခြားသုတေသနပညာ...