Unicode
မင်းခနနေဦး"
ကြားရတဲ့အသံကြောင့်
Yiboရဲ့ ခြေလှမ်းလေးတွေက
ချက်ချင်းရပ်သွားလေရဲ့မသိမသာ သူ့အမိန့်ကို
နားထောင်မိတဲ့ ကိုယ့်ကိုယ်ကိုလည်း
Yibo အံ့သြလို့မဆုံးပေ"မင်းနဲ့ Kim Hae Yeonက ဘာတွေ
ဆက်စပ်နေတာလဲ"What? Xiao Zhan ဆေးမှားစားထားတာလား သူက ငါ့အကြောင်းကို သိချင်တယ်
"ဘာလို့လဲ ဘာလို့ အဲ့လိုမေးတာလဲ"
Xiao Zhan သူ့ကို အူကြောင်ကြောင်လေးနဲ့
ပြောလာတဲ့ ကောင်လေးကြောင့်
စိတ်ပဲတိုရမလိုလို ဖက်ပဲညှစ်ရမလိုလို
ပြာယာကိုခတ်လို့စိတ်ထဲ ဝုန်းဒိုင်းကျဲနေသလောက်
အပြင်ပန်းမှာတော့ ဘာမှ
မဖြစ်သလိုသာနေပြီး Yiboကို
ခပ်ထေ့ထေ့ကြည့်ပြီး"ယောက်ျားလေးဖြစ်ပြီး မိန်းခလေးရဲ့
အကာအကွယ်ကို ယူနေရတာ
မင်းမရှက်ဘူးလား"
"ဘာ~~~"Xiao Zhan စကားကြောင့် Yibo
အ့ံသြလွန်းလို့ ဘာမှ
ဆက်မဆိုနိုင်တော့"မင်း ဘာပြောတယ်"
"ကြားတဲ့အတိုင်းပဲလေ"ပီတီတီ မျက်နှာပေးနဲ့ ထိုသို့ ဖြေလာတဲ့
Xiao Zhanကို ပိတ်ရိုက်ချင်စရာလို့
Yiboထင်မိပေမဲ့ သူမရိုက်မိတာကိုလည်း
သူ့ဘာသူနားမလည်နိုင်တော့Yibo သက်ပြင်း တစ်ချက်ချပြီး
"ငါပြသနာမဖြစ်ချင်ဘူး Xiao Zhan
ငါ့ကို သွားခွင့်ပေး"Yibo ထွက်သွားမယ်
လုပ်ပြန်တော့ Xiao Zhanက
သူ့ရှေ့ ပိတ်ရပ်ပြန်သည်"ဖယ်ပေးပါ ငါအတန်းချိန်
နောက်ကျတော့မယ်"
"သဘောလေ ငါက
ခိုင်းတာတစ်ခုခုလုပ်ပေးရင်
မင်းကိုစာအုပ်ပြန်ပေးမလို့ လုပ်နေတာ "စာအုပ်ဆိုတာနဲ့ လင်းလက်သွားတဲ့ကောင်လေးရဲ့မျက်ဝန်းတောက်တောက်လေးကို
တွေ့ရတော့ Xiao Zhan
စာအုပ်ကိုတောင် မနာလို ချင်ချင် ဖြစ်လာလေသည်ဆန်းဆန်းပြားပြား ငါက စာအုပ်ကို မနာလိုရတယ်လို့ မဆီလျော်လိုက်တာ
"မင်း ငါ့စာအုပ်ကို တကယ်ပြန်ပေးမလား"
သူငါ့ကို အနိုင်ကျင့်ရလားဆိုပြီး
Yibo ပြသနာမရှာအား
သူစာအုပ်ပြန်ရဖို့ကိုပဲ
အာရုံရောက်နေလေသည်
YOU ARE READING
Triangle {Completed}
FanfictionXiao Zhan - များစွာသော အတုအယောင်တွေကြား စစ်မှန်တဲ့မင်းကိုသာ ငါအချစ်ဆုံး Yibo - ချစ်စရာလူများနေရင်တောင် ကျွန်တော့်ဘက်ကို တစ်နေ့နေ့တော့ လှည့်ကြည့်ပေးပါ Hae Yeon - ပိုင်ဆိုင်ဖို့မရည်ရွယ်ပါဘူး ငေးကြည့်ရုံသက်သက်လည်း ကျေနပ်ပါတယ် ZhanYi. (No YZ)