016 : မာရာရဲ့ တောင်းဆိုမှု နှစ်ခု
အဲဒီအချိန်မှာ ဟိန့်က လေယာဉ်အောက်ကို သွားပြီး လေယာဉ်ရဲ့ ပိုင်းကန့်ထားတဲ့နေရာကို သုံးချက်ဆက်တိုက် ပစ်လိုက်တယ်။ လေယာဉ်ရဲ့ ဘယ်တောင်ပံက ရုတ်တရက် နိမ့်ဆင်းသွားခဲ့တယ်။ အဲဒီတော့မှ ရှောင်ရန် သိလိုက်တာက ဟိန့်ပစ်လိုက်တဲ့နေရာက လေယာဉ်ခေါင်းပိုင်းဆိုတာကိုပဲ။
လေယာဉ်က မြေပြင်ကို နိမ့်ဆင်းသွားတာကြောင့် အဲဒီကနေ ပစ်ခတ်မှုတွေ ဝရုန်းသုန်းကား ထွက်ပေါ်လာခဲ့ပြီး ကွင်းပြင်တစ်လျှောက် သွားရောက်ထိမှန်လို့ လောင်ကျွမ်းသွားကြတယ်။ ကံကောင်းသွားတာက မာခ်က ရှောင်ရန်ကို အချိန်မီ မြေကြီးပေါ်က ဆွဲမလိုက်တာကြောင့် သူ တစ်စစီ ဖြစ်မသွားခဲ့တာပဲ။
အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရင်း ဟိန့်က လေယာဉ်ရဲ့ညာဘက်အင်ဂျင်ကို ထပ်ပစ်ချလိုက်တယ်။ ဒါပေမဲ့ လေယာဉ်က မြေပြင်ဆီ ပျက်ကျမလာခင်မှာ မီးခိုးရောင် စစ်ဝတ်စုံဝတ်ဆင်ထားကြတဲ့ လုပ်ကြံသတ်ဖြတ်သူ အတော်များများက ပွင့်နေတဲ့ လေယာဉ်တံခါးပေါက်ကနေ ခုန်ဆင်းလာကြတယ်။
ရှောင်ရန် အံ့သြသင့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြတယ်။ ဒီလို ဒီရေအဖွဲ့အစည်းရဲ့ လုပ်ကြံသူတွေကို သူ ပထမဆုံး ထိပ်တိုက် တွေ့ဖူးတာပဲ။ အဲဒီ့လူတွေကို သူသိထားတာက ချားလ်စ်က သတင်းတွေထဲမှာ ဖော်ပြထားလောက်ပဲဖြစ်တယ်။ သူတို့တွေက ချားလ်စ်က စစ်တပ်နဲ့နိုင်ငံရေးဆိုင်ရာ ရာထူးကြီး ပုဂ္ဂိုလ်တွေကို လုပ်ကြံခဲ့တဲ့ ရက်စက်ကြမ်းတမ်းင်္ပြီး နှလုံးသားမဲ့ သတ္တဝါတွေ ဖြစ်ကြတယ်။
လုပ်ကြံသူတွေ မြေပြင်ပေါ် ရောက်တာနဲ့ ရိဗ်က သူမရဲ့ငွေတောင်ပံတွေကို ပစ်လွှတ်တော့တယ်။
သူတို့တွေက အရှိန်ဟုန်ဟုန်နဲ့ ရှောင်တိမ်းသွားကြပြီး သေလောက်တဲ့ဒဏ်ရာ မရဘဲနဲ့ ခြစ်ရာလေးလောက်သာ ဒဏ်ရာရသွားကြတယ်။
ဟိန့်ရဲ့အဖွဲ့က ရှစ်ယောက်ပဲ ရှိပေမဲ့ ရန်သူတွေကတော့ ဆယ်ယောက်မကပေ။ လုံးဝကို သူတို့အတွက် အကျိုးနည်းစရာပဲ။
YOU ARE READING
ကမ္ဘာဆုံးတိုင်
Romanceဒီnovelလေးကသုတေသနပညာရှင်ပေါက်စလေး တစ်ယောက်အကြောင်းပေါ့.. တွန်းအားပေးခံရပြီး အေးချမ်းနေတဲ့ဘဝကနေ အမျိုးမျိုးသောလူသတ်သမားတွေ.. zombiesတွေနဲ့ တွေ့ကြုံနေရပြီး အမြဲလိုလိုသေခြင်းတရားကနေ လွတ်အောင် ဖျက်လတ်စွာ ရှင်သန်နေရတယ်..။ နောက်ဆုံးတော့.. အခြားသုတေသနပညာ...