- 015 - U & Z

3.4K 762 39
                                    

 015 : ဆီးသွားဖို့ လိုအပ်နေ ...

ရှောင်ရန် အတွေးပေါင်းစုံ ဝင်နေမိတာ သူ့လက်မောင်းမှာ တဝီဝီ မြည်နေတဲ့ အထိအတွေ့ တစ်ခုကို ခံစားလိုက်ရတဲ့ အချိန်ထိပဲ။ နောက်တော့မှ ဟိန့်ကိုင်ထားတဲ့ သေနတ်က ဆေးထိုးသေနတ် တစ်ခုပဲ ဆိုတာ သူသိလိုက်ရတယ်။

အဲဒါက လျှပ်စစ်ဓာတ်ခွဲ နည်းသုံး တစ်မျိုးမျိုး ဖြစ်နိုင်တယ်။ ဒါမှမဟုတ် လူတစ်ယောက်ရဲ့ ခုခံအားစနစ်ကို အထောက်အကူ ပြုနိုင်တဲ့ အမိုင်နိုအက်စစ် ဒြပ်ပေါင်း တစ်ခုလည်း ဖြစ်ချင် ဖြစ်မယ်။ ရှောင်ရန် ဆက်ပြီး မတွေးဆ နိုင်တော့ဘူး။ သိပ်မကြာခင်ပဲ သူ အိပ်မော ကျသွား ခဲ့တော့တယ်။

ညလယ်ရောက်တော့ ... ရှောင်ရန် တရေးနိုးလာ ခဲ့တယ်။ အိပ်ရာဘေးကို လျှောက်ကြည့် လိုက်တော့ သူ့ဘေးမှာ အိပ်ရာကိုမှီပြီး လက်ပိုက်လျက် ထိုင်နေတဲ့ လူတစ်ယောက်ကို သူ မှုန်ဝါးဝါး မြင်လိုက်တယ်။ ပြီးတော့ သူ လူတစ်ယောက်ရဲ့ ကိုယ်နံ့နဲ့ ရောပြွန်းနေတဲ့ လတ်ဆတ်တဲ့ ရနံ့ကို အိပ်ရာဆီကနေ ရလိုက်တယ်။ အမှောင်ထဲမှာ ရှင်းရှင်းလင်းလင်း ခွဲခြား မသိနိုင်ရင်တောင် သူ့ဘေးက လူက ဟိန့်ဘာတန် ဆိုတာတော့ သူသိတယ်။

ဒီလူက သူ့ကို တကယ် ဂရုစိုက်ပေးတယ်။ ဝန်ထုပ်ဝန်ပိုး ဖြစ်လို့ ဆိုပြီး သူ့ကို မစွန့်ပစ်ခဲ့ သလို စိတ်မရှည်ဖြစ်တဲ့ အရိပ်အယောင် လေးတောင် မပြခဲ့ဘူး။

သူက ငါထင်သလောက် ကြောက်စရာ မကောင်းပါဘူး။ သူ့မျက်လုံးတွေကို အမှောင်ကို ကျင့်သား ရသွားတဲ့အခါမှာ ရှောင်ရန် သူ့ရဲ့ ထင်ရှားပြတ်သားတ ပုံသဏ္ဌာန်ကို သေချာ မြင်နိုင်အောင် ကြည့်လိုက်တယ်။ သူ ဟိန့်ရဲ့ အကြည့်တွေကို ခံစားလို့ ရနေတယ်။ သူ့ရဲ့ ပုံမှန် ခပ်စိမ်းစိမ်းနဲ့ သီးခြား ဖြစ်နေ တတ်တာမျိုး မဟုတ်တဲ့ အကြည့်။ အေးစက်တဲ့ ညလေထုထဲမှာ သူ့အကြည့်ထဲကနေ နွေးထွေးမှုကို ရှောင်ရန် ခံစားလို့ ရနေခဲ့တယ်။

အဲဒီလူက သူ့လက်ကို ဆန့်ထုတ်ပြီး ရှောင်ရန်ရဲ့ နဖူးကို စမ်းကြည့် လိုက်တယ်။ ရှောင်ရန် သူ့နွေးထွေးမှုကို ခံစားမိတာကြောင့် အလျင်အမြန် မျက်လုံး မှိတ်လိုက်မိတယ်။

ကမာၻဆံုးတိုင္Where stories live. Discover now