Chapter 3

7.4K 998 247
                                    


အားးးးးးးး

" သခင်လေး...သခင်လေး ထဦး ထလိုက်ဦး..."

အတင်းလှုပ်နှိုးခံလိုက်ရတော့မှပဲ လန့်နိုးလာတော့တယ်...

" ရှီး...ကျွန်တော် အိပ်မက်ဆိုးတွေ မက်ပြန်ပြီ..."

" ဟုတ်...သခင်လေး ဝမ်ကျီးကို လန်သခင်ကြီးက ခေါ်ခိုင်းလိုက်လို့..."

" အင်း အင်း... သွားလိုက်မယ်...။ အော် ဒါနဲ့ ဒီည ကျွန်တော် အိမ်ပြန်မလာဖြစ်လောက်ဘူး...အိမ်တော်ထိန်းကြီး ကျွန်တော့်က်ို စောင့်မနေနဲ့တော့နော်..."

" ဟုတ် သခင်လေး..."

အိမ်တော်ထိန်းကို နှုတ်ဆက်ပြီး သခင်ကြီးဆီ ဝင်တွေ့ဖို့ ထထွက်လာလိုက်တော့သည်...။ ပြီးရင် ကျန့်ကျန့်ကို သွားတွေ့ဦးမှပဲ...

______

Xiaozhan <POV>

ဒီနေ့တော့ ပါးပြန်ရောက်နေပြီမို့ အလုပ်လာရတဲ့ရက်တွေက သာသာယာယာ ပြန်ဖြစ်သွားပြီ...။ ပါးရှိနေရင် အများကြီး ခေါင်းခံပြီးလုပ်စရာမလိုတာမို့ နည်းနည်းပါးပါး ကူပေးရုံလောက်ပဲ...။ ကျွန်တော်က ကုမ္ပဏီကိစ္စတွေကို သိပ်စိတ်မဝင်စားဘူး...ကျွန်တော်လုပ်ချင်တာက ကိတ်မုန့်ဆိုင်လေး ဖွင့်ချင်တာပါဆို ပါးက လုံးဝခွင့်မပြု...

ပါးက ကျွန်တော့်ကို အရမ်းချစ်တာသိပေမယ့် ပါးအချစ်က အတ္တကြီးသလိုပင်...။ အခုအရွယ်ထိ ကျွန်တော့်ကို ဟိုလူနဲ့ မတူသလို ဒီလူနဲ့ မတန်သလိုမျိုးတွေ လိုက်ချုပ်ခြယ်ပြီး စိုးရိမ်လွန်နေတုန်းပဲ...။ သူ့အလုပ်တွေကိုပဲ ဦးစီးစေချင်တာရယ်...အဲ့လို အရည်မရ အဖက်မရ ကိတ်မုန့်ဆိုင် ဖွင့်စရာလားဆိုပြီး သောင်းကျန်းတာရယ်ကြောင့်  ပါးနဲ့ စကားများရတာလည်း ခဏခဏ...။ နောက်ပိုင်းတော့လည်း သိပ်ဂလန်ဂဆန်မလုပ်တော့တာတောင်ကြာပါပြီ...ပါးတို့က အမြဲလိုက်ချုပ်ခြယ်နေကြတယ်ဆိုပေမယ့် တကယ်တမ်းကျ‌ မိဘတွေလောက် ကျွန်တော့်ကို ဘယ်သူမှ ချစ်နိုင်တာမဟုတ်ဘူးဆိုတာ ကြီးလာလေလေ နားလည်လာလေမို့ သိပ်မဆိုးတော့တာတောင် ကြာပြီ...

အခုလည်း အလုပ်ဆင်းဖို့ လိုသေးပေမယ့် ဗိုက်ဆာလို့ မုန့်ဆင်းဝယ်ပြီး ပြန်လျှောက်လာနေတုန်း ကားတစ်စီးက ဖြတ်ဝင်လာတာ‌ကြောင့် လန့်ပြီး ဘေးကို ခုန်ရှောင်လိုက်ရတယ်...။ မုန့်ထုပ်တွေတော့ ကားတက်ကျိတ်သွားရှာပြီ...

Endless Flowers [Completed]Where stories live. Discover now