#unicode
#zawgyiဖြူဖွေးနူးညံ့နေသော ခြုံစောင် တစ်ထည်
မှူးငယ်အပေါ်လွှမ်းခြုံလာကာတင်းကျပ်စွာပွေ့ဖက်လာသည်။ ငြင်သာသောအနမ်းနှင့်အတူ ဖြူအုနေသောလည်တိုင်လေးကိုနမ်းရှိုက်လာသောသူသည် ဒီနေ့ တွင် မှူးငယ်ကိုလက်ထပ်ယူခဲ့သော ဦးမင်းမြတ်ဟန်ပန်..."ဦးဟန်... မှူးငယ် ကျောင်းဆက်တတ်ချင်တယ်...."
သေရင်မြေကြီးရှင်ရင်ရွှေထီးမို့ ပထမဦးဆုံး အကြိမ် မှူးငယ်တောင်းဆိုလိုက်မိသည်။
"အင်း...မင်းလိမ္မာရင်ပေါ့...အခုအိပ်တော့...."
တိတ်ဆိတ်သွားတဲ့အခန်းသည်
ခုနကနှင့်ခြားနားစွာပင်။မှူးငယ်ကို ပွေ့ဖတ်ရင်းအိပ်ပျော်သွားတဲ့ဦးဟန်ရဲ့
အသက်ရှူသံပြင်းပြင်းကြားရမှ
အိပ်မပျော်စွာ ကိုယ့်ဘဝကိုယ် ဝမ်းနည်းမှုတွေနှင့်
မျက်ရည်တွေပြိုဆင်းလာသည်။ဒီလူဟာ ကောင်း မကောင်းသေချာမသိပဲရက်ရက်ရောရောပေးရက်ခဲ့တဲ့
ကိုယ့် ဦးလေးကိုလား
ဒါမှမဟုတ် ...မှူးငယ် ကိုပစ်ထားခဲ့တဲ့ မေမေ့ကိုလား...."သူကနင့်ကို သဘောကျနေတာမှူးငယ်...ငါတို့
အခြေအနေ နဲ့နင့်ကို ဒီလိုလူမျိုးကြိုက်တာပဲကျေးဇူးတင်စမ်းပါ...ငါတို့မိသားစု
အကြွေးတွေလည်ချေပေးမယ်တဲ့... အခြား မင်းကိုပေးခဲ့မယ်ဆိုရင်ငါတို့ကိုပေးလာမယ့်
တိုက်တစ်လုံးနဲ့ ကားတစ်စီး...""မှူးငယ်ရာ နင့်နစ်နာသွားတာမှမဟုတ်တာ...
ကျောင်းထားပြီးနင့်ကိုလူတစ်လုံးသူတစ်လုံးနဲ့
တူအောင်ပြုစုခဲ့တဲ့ ငါ့အမေကိုလည်းကျေးဇူးဆပ်စမ်းပါအုံး..."ငြင်းမရတဲ့ကျေးဇူးတရားတစ်ချို့နှင့်အတူ ဦးမင်းမြတ်ဟန်ပန်ရဲ့ကမ်းလှမ်းချက်တစ်ချို့ကို
လက်ခံခဲ့ရသည်။မင်္ဂလာဆောင်ကိစ္စပြောတာကိုပင် မှူးငယ်ရဲ့
သဘောကိုတစ်ချက်တောင်မမေးပဲ ဦလေးတို့နှင့် သာပြော၍စီစဥ်ခဲ့သည်။ခမ်းနားစွာ မင်္ဂလာဆောင်ခဲ့ပြီး မင်္ဂလာ ပွဲအပြီး
မှူးငယ်ရှေ့မှာတင် ဦးလေးတို့မိသားစုကို
YOU ARE READING
To/Dear baby(Completed♥)
Romanceချစ်ခြင်းမေတ္တာ အကြောင်း လာဆွေးနွေးတဲ့အခါ.... ယုံကြည်မှုတွေလိုအပ်ကြောင်း ကိုယ်ပြန်သင်ပေးပါရစေ.... ချစ်ခြင်းမေတ္တာ အကြောင်း လာဆွေးနွေးတဲ့အခါ.... ယုံကြည်မှုတွေလိုအပ်ကြောင်း ကိုယ်ပြန်သင်ပေးပါရစေ....