-001- Z&U

9.9K 860 11
                                    


001- ကူးစက်​ပြီး​နောက်

ချားလ်​စ်
ပြက္ခဒိန်နှစ် ၁၂၄ခု ၊ တောအုပ်တစ်နေရာ..

နားထဲမှာ တဝီဝီမြည်သံနဲ့ ဦးခေါင်းမှာ တဒိတ်ဒိတ်သွေးတိုးနေတဲ့ နာကျင်မှုတစ်ခု။
ရှောင်ရန် .. သူလက်နဲ့ နဖူးကို စမ်းကြည့်လိုက်တဲ့အခါ လက်ချောင်းထိပ်က ပူနွေးပြီး စိုစိစိခံစားမှုကြောင့် မျက်မှောင်ကြုပ်လိုက်မိတယ်။ အနီးကပ်ကြည့်ဖို့အတွက် သူ့မျက်လုံးတွေ ဖွင့်လိုက်တဲ့အခါ.. သွေးတွေပဲ!!
ရုတ်တရက်.. သူ့ဘေးကနေ ထွက်ပေါ်လာတဲ့ ထိတ်လန့်တဲ့အော်သံတစ်ခု ကြားလိုက်ရတယ်။
အသံကြားရာကို ကြည့်လိုက်တော့.. မျက်လုံးတွေက ထွက်ကျတော့မတတ် ပြူးနေတဲ့ သူ့အခန်းဖော်သူငယ်ချင်းကို ရှောင်ရန်တွေ့လိုက်ရတယ်။ အသံတစ်သံမှ ထွက်မလာနိုင်ပဲ ပါးစပ်သာ အကျယ်ကြီးဟနေလေရဲ့..။
ရှောင်ရန်.. ဘာဖြစ်ခဲ့တာလဲဆိုတာကို ပြန်တွေးတောကြည့်လိုက်တယ်။

လေယာဉ်မှူးရဲ့ဦးနှောက်ဖောက်ပြန်မှုကြောင့်..သူတို့ရဲ့ ပထမဆုံး စူးစမ်းလေ့လာရေးခရီးစဉ်ရဲ့ လေယာဉ်ဟာ တောအုပ်သစ်တစ်ခုဆီကို ပျက်ကျခဲ့တယ်။ အဲဒီ့လေယာဉ်မှူးရဲ့ ဦးနှောက်ဖောက်ပြန်မှုဟာ သူ့ပင်ကိုစိတ်ရဲ့ စွမ်းဆောင်နိုင်စွမ်းကို လျော့ကျစေခဲ့တဲ့အတွက် လေယာဉ်ကို ထိန်းချုပ်ဖို့အတွက်တောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။

လေယာဉ် မြေပြင်ပေါ်ကျလာတဲ့အရှိန်ကြောင့် ရှောင်ရန်ဦးခေါင်းက ဘေးဘက်ရှိ ပြတင်းပေါက်နဲ့ ရိုက်ခတ်မိပြီး ခဏကြာ သတိလစ်သွားတဲ့ အခြေအနေကိုရောက်သွားခဲ့တယ်။
သူ သတိပြန်ရလာတဲ့အချိန်မှာ.. လူတိုင်းရဲ့မျက်နှာပေါ်က အကြောက်တရားကို ရှင်းရှင်းလင်းလင်းတွေ့လိုက်ရတယ်။ ရှောင်ရန်ရဲ့ဘေးမှာရှိနေတဲ့ ခံစားချက်ကို တော်ရုံထုတ်မပြတတ်တဲ့ စီနီယာတွေတောင် ကြောက်လန့်နေခဲ့တယ်။

လေယာဉ်က ရှောင်ရန်ရဲ့ဘက်ကနေ မြေပြင်ပေါ်ကို ကျလာတဲ့အတွက်ကြောင့်.. သူဘက်ကနေ အပြင်ကို ဘာမှမမြင်ရတော့ဘူး..။
လေယာဉ်ရဲ့တခြားဘက်ကို သူ လှည့်ကြည့်လိုက်တဲ့အခါမှာတော့ အေးခဲသွားသလို ခံစားလိုက်ရတယ်။

သူတို့ရဲ့ ပျက်ကျခဲ့တဲ့လေယာဉ်ပေါ်မှာ မရေမတွက်နိုင်အောင် များပြားတဲ့ ဇွန်ဘီ​တွေနဲ့ ပြည့်နှက်နေတယ်။ ပြတင်းပေါက်တွေကို ထုရိုက်နေကြပြီး..အချိန်မရွေး ဇွတ်တိုးဝင်လာကြတော့မလို၊မြင်မြင်သမျှကို ဆွဲဖြဲစားသောက်ပစ်ကြတော့မလိုဖြစ်နေတော့ သူတို့ အတော့်ကို ထိတ်လန့်ကြောက်ရွံ့နေကြပါပြီ။

ကမ္ဘာဆုံးတိုင်Where stories live. Discover now