[ Zawgyi ]
ဒီနေ့က Unnie ရဲ့ရက်လည် Daddy နဲ့ Mommy ကတော့ Unnie မသေဘူးဆိုသည့် စကားကိုသာ ထပ်တလဲလဲရွတ်ဆိုရင်း ငိုကြွေးစမြဲ
ငယ်ငယ်ကတည်းက မအားလပ်တဲ့ မိဘနှစ်ပါးအစား ခင်တွယ်စရာ ဆိုလို့ Unnie ရယ် Soo ရယ်သာရှိခဲ့သည်မို့ ကိုယ်ကိုယ်တိုင်ကလဲ မယုံကြည်နိုင်ပေ
လူအများရှေ့မှာ ငိုကြွေးရမှာ မုန်းသည်မို့ တစ်ယောက်တည်းရှိနေသည့် အချိန်မှသာ အသံတိတ်ငိုကြွေးဖြစ်တယ် ထွက်သွားတဲ့လူထက် ကျန်ခဲ့ရတဲ့လူတွေကပိုနာကျင်ရပါတယ် Unnie ရယ် ကောင်းရာမွန်ရာ ရောက်ပြီး ပျော်ရွင်ပါစေ..
...
...အမြဲတမ်းတက်ကြွပြီး ရွှင်လန်းနေတဲ့ မျက်နှာလေးက သိသိသာသာ ညိုးနွမ်းနေတယ် ငိုထားဟန်ရှိသည်ကို နီနီရဲရဲမျက်လုံးအစ်အစ်က ဖော်ပြနေတယ်
မျက်နှာက သွေးမရှိသလို ဖြူဖျော့နေပြီး စိတ်နဲ့ကိုယ်နဲ့ မကပ်သယောင် ဖြစ်နေတဲ့ Soo ကိုကြည့်ကာ ရင်ထဲ တစ်ဆစ်ဆစ်နာကျင်နေရပြန်တယ်
* စိတ်ချပါ Unnie Noona ကို အခုကစပြီး Young ကပဲစောင့်ရှောက်ပေးမှာမလို့ *
.....
.....ဒီနေ့က Hyo ရဲ့ရက်လည်နေ့ ငိုထားသောကြောင့် Jiji ရဲ့မျက်လုံးတွေက နီရဲနေမယ်ဆိုတာ အသေချာ.. ညီမ မရှိသည့် Jiji ဖို့ Hyo က ညီမအရင်းဖွယ်ဖြစ်ခဲ့သည်မဟုတ်လား
အခုချိန်မှာ ဦးနှောက်ထဲမှာ ဗလာအတိ.ဘာမှလဲမစဉ်းစားခြင်သလို ဘာမှလဲ ပြောနိုင်စွမ်းမရှိ မျက်ရည်တစ်ချို့ကတော့ စီးကျနေတယ်
* ငြိမ်းချမ်းတဲ့နေရာမှာ အိပ်စက်အနားယူပါတော့ Hyo .. နောက်ဘဝကျရင် သေချာပေါက် Hyo ကို ချစ်ရပြီး အတင်းတွယ်ကပ်နေရမယ့်သူဟာ Jiji ဖြစ်ရပါစေ Hyo အပေါ် ညီမအရင်းလိုထက် မပိုတဲ့အတွက်ရော Hyo အပေါ်ပျက်ကွက်ခဲ့တာတွေအတွက်လဲ တောင်းပန်ပါတယ် ဒါတွေကို နောက်ဘဝကျ သေချာပေါက်ပေးဆပ်မှာမလို့ စောင့်နေပေးပါ *
" Aryeonarsawyo Jisoo Unnine shi Younghyo Unnie အတွက်လဲ စိတ်မကောင်းပါဘူး အားတင်းထားပါ အချိန်က ကုစားသွားမှာပါ "
" ဟုတ်ပါတယ် Jisoo shi ကိုယ်ချင်းမစာသလိုဖြစ်မယ်ဆိုပေမယ့် အရမ်းကြီးမခံစားနေပါနဲ့ Jihyo shi လဲ ငြိမ်းချမ်းတဲ့ တစ်နေရာမှာ ပျော်နေမှာပါ "
YOU ARE READING
မုန်တိုင်းထဲမှချစ်လိပ်ပြာ [ COMPLETE ]
Fanfictionအချစ်ဆိုတာက မီးလိုမျိုးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး..။ [ Zawgyi × Unicode ] အချစ်ဆိုတာက မီးလိုမျိူးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး...