"Xiaozhan မင်း ဘာတွေရှာနေတာလဲ။ အိပ်တော့လေ"
"Yibo မင်းအခန်းထဲမှာ ဘာမှ ဖက်စရာမရှိဘူးလား။ ငါ တစ်ခုခု ဖက်ထားမှ အိပ်ပျော်တာ။ မင်းအရင်အိမ်တုန်းကတောင် ဖက်လုံးရှိသေးတယ်။ အခု ဘာမှလည်း မရှိဘူး"
"ခေါင်းအုံး အပိုရှိတာတောင် ကျေးဇူးတင်။ ဒီနေ့တော့ ဒီအတိုင်းပဲ အိပ်တော့။ မနက်မှ ဝယ်ခိုင်းလိုက်မယ်"
"မီးတော့ မပိတ်တော့ဘူးနော်။ ဒီနေရာကြီးက မှောင်သွားရင် ကြောက်စရာကောင်းမှာ"
"သဘော။ စကားမများနဲ့ အိပ်တော့"
ကျွန်တော် အဖျားကျသွားပေမယ့် ဒဏ်ရာအရှိန်ကြောင့် မျက်လုံးမှိတ်ပြီး အိပ်ချလိုက်တော့ချိန်...
"ဟင်! Xiaozhan"
သူ ရုတ်တရက် ကျွန်တော့်ကို ဖက်ပြီး ရင်ခွင်ထဲ ရောက်လာတာကြောင့် မျက်လုံးအမြန်ဖွင့်ကြည့်လိုက်မိသည်။
"ဒါဆိုလည်း ဒီည မင်းကိုပဲ ဖက်အိပ်တော့မယ်"
"မရဘူး မဖက်နဲ့။ ဟိုဖက်တိုးအိပ်"
"မတွန်းနဲ့လေ။ ဟိုနေ့က မင်း ငါ့ကို ဖက်အိပ်တုန်းကတောင် ငါ မဖယ်ဘူးလေ။ သူ့ကိုဖက်တော့ မကြိုက်ဘူး"
"အဲ့နေ့က မင်းငိုနေလို့ ချော့တာလေ။ ဟိုဖက်တိုးအိပ်ကွာ။ ဖက်ချင်ရင် ငါ့ခေါင်းအုံးပေးမယ် ရော့"
"မရဘူး မင်းကိုပဲ ဖက်မှာ။ ဖက်တာလေးပဲကို ငြိုငြင်လိုက်တာ"
ပြောလို့လည်းမရ ဖယ်လို့လည်းမရတာကြောင့် ငြိမ်နေလိုက်ရတော့သည်။
"ကြိုက်သလိုသာ အိပ်တော့ကွာ။ ငါ အိပ်တော့မယ်။ ပြီးမှ ငါ့ဆီက အဖျားကူးတယ် မလုပ်နဲ့နော်"
သူ ကျွန်တော့်ခါးကို သိုင်းဖက်ပြီး ကျွန်တော့် လက်တစ်ဖက်ကို ဆွဲယူကာ သူ့ခေါင်းအောက်ထဲ ထည့်လိုက်သည်။ လုပ်ချင်သလိုကို လုပ်နေတော့တာပါပဲ။
"ခဏကြွ။ မင်း အဲ့လိုအိပ်ချင်နေတာလား"
"အင်း"
ကျွန်တော့်လက်ကို သူ့ခေါင်းအောက်ထဲသေချာထည့်လိုက်ပြီး ပခုံးကနေ ဖက်ထားပေးလိုက်ရသည်။
YOU ARE READING
You're Only Mine [Completed]