Chapter 3

42.6K 3.2K 139
                                    

အချိန်ကား မနက်ခြောက်နာရီခန့်။

Yibo တစ်ယောက် မျက်လုံးမဖွင့်သေးဘဲ နှိုးစက်ကို လှမ်းပိတ်လိုက်ကာ ဘေးကို အသာစမ်းကြည့်လိုက်တော့ ဘယ်သူ့မှမတွေ့တာမို့ ဆတ်ခနဲ ထထိုင်လိုက်မိသည်။

// Xiaozhan ဘယ်ရောက်သွားတာလဲ။ ပြေးပြန်ပြီလား //

ထို့ကြောင့် ကုတင်ပေါ်က ဆင်းမလို့လုပ်တော့မှ Xiaozhan ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်နေတာကို တွေ့လိုက်‌တော့သည်။

// ဟက်! ဒီကောင်လေးက တကယ် ကြီးကျယ်တာပဲ။ တစ်ကုတင်တည်း တူတူ မအိပ်နိုင်ဘူးပေါ့လေ //

ညက အတွေးတွေ များလွန်းခဲ့တာမို့ အိပ်ဆေးသောက်အိပ်ထားတာကြောင့် Xiaozhan ဝင်လာတာကို ကျွန်တော် မသိလိုက်ပေ။ ညညဆို ကျွန်တော် တော်တော်နဲ့ အိပ်မပျော်နိုင်တာ ကြာပြီ။ ထို့အတွက် အရက်သောက်ရင်‌သောက် ဒါမှမဟုတ်ရင် အိပ်ဆေးသောက်မှ အိပ်ပျော်သလိုဖြစ်နေသည်။ ပုံမှန်ဆို အရက်သောက်နေကျပေမယ့် မူးရင် သွေးဆိုးတတ်တဲ့အပြင် Xiaozhan လည်း ရှိနေတာမို့ ညကတော့ အိပ်ဆေးပဲ သောက်အိပ်ထားခဲ့ရလေသည်။

သူ့နားလျှောက်သွားလိုက်ပြီး လှုပ်နှိုးလိုက်ရတယ်။

"ဟေ့ ထတော့"

သူ မျက်လုံးဖွင့်ကြည့်လာကာ ကျွန်တော့်ကို တွေ့မှ စောင်ကို ခေါင်းမြီးခြုံပြီး ပြန်တောင်အိပ်သွားသေးတာ။

"ထလို့ ပြောနေတယ်လေ။ ငါ ကောင်းကောင်းနှိုးတုန်း ထနော်"

"ထပြီး ဘာလုပ်ရမှာလဲ။ အစောကြီးရှိသေးတာကို" သူ စောင်ထဲမှ ခေါင်းပြန်ဖော်လာပြီး... "ဘာလဲ! မင်း ငါ့ကို အိမ်ပြန်ပို့ပေးတော့မို့လား"

"စောစောစီးစီး အိပ်မက်မက်မနေနဲ့"

"အဲ့ဒါဆိုလည်း လာမရှုပ်နဲ့‌တော့ကွာ။ ငါ အိပ်ဦးမယ်"

ထိုကောင်လေးက တခြားတစ်ဖက်ကိုတောင် စောင်းအိပ်သွားသေးသည်။ မနက်မိုးလင်းလင်းချင်း စကားနားမထောင်တာကြောင့် ဒေါသက ထောင်းခနဲ။

ဦးလေးတောင် ကျွန်တော့်စကားဆို ပြန်မလှန်ရဲ။ သူကတော့ စရောက်ကထဲက တစ်ခွန်းမှကို နားမထောင်တာ။ သူ့မျက်စိထဲမှာ ကျွန်တော့်ကို နည်းနည်းမှ ကြောက်စရာလို့ မြင်ပုံမရပေ။

You're Only Mine [Completed]Where stories live. Discover now