" Myungsoo ရေ Myungsoo
Myungsoo ရေ~~ "နက်ပြာရောင် suit နဲ့က အနီရောင် necktile နဲ့ဆို ပိုလိုက်မလား ဒါမှမဟုတ် အပြာရောင် necktile ပဲ တပ်သွားရမလား မသေချာလို့ သူ့အကြံကို တောင်းချင်ပါတယ်ဆိုမှ သူက ဘယ်ရောက်နေမှန်းမသိ...
Necktile နှစ်ခုကို လက်ဖျန်ကြားမှာ ညှပ်ရင်း အသံတဆာဆာနဲ့ လိုက်အော်... တံခါးတစ်ချပ်ချင်းစီ လိုက်ဖွင့်ကြည့်ပေမယ့် Myungsoo အမည် ရတဲ့ ထို အနက်ရောင်ကောင်လေးက ပျောက်ဆုံးမြဲ ပျောက်ဆုံးဆဲ....
Sungyeol ခေါင်းမီး တောက်ချင်သလိုလို ဖြစ်လာပြီး မတတ်သာတော့တဲ့အဆုံး ဖုန်းလှမ်းခေါ်လိုက်တယ်....
ဖုန်းသံက အိမ်ထဲမှာ လျှောက်မြည်မလာဘူး...
ဆိုလိုချင်တာက သူ့ဖုန်းက ဒီမှာ မရှိဘူးဆိုတဲ့ သဘော... အဲ့တော့ အဓိပ္ပာယ်ရတာက သူလည်း ဒီအိမ်မှာ မရှိဘူးဆိုတဲ့ သဘော..." ဘယ်ရောက်နေတာလဲ "
တာဝန်အရ ဖုန်းတော့ ကိုင်ပေမယ့် ဟဲလို လုပ်မအားဘဲ တစ်ဖက်သို့သာ စကား လှမ်းပြောနေတာမို့ Sungyeol လေသံတွေကို မြှင့်လိုက်တယ်... ဖုန်းထဲကနေ မိန်းမအသံ တိုးတိုးတိုးတိုးတွေလည်း ကြားတယ်... ဒီလို မင်္ဂလာရှိတဲ့ နေ့မျိုးမှာ စိတ်က မတိုချင်ဘဲ တိုနေရပြန်ပြီ...
" ဟေ့ကောင် မင်း ဘယ်ရောက်နေတာလဲလို့ "
နှစ်ယောက်တည်း စကားပြောတဲ့အချိန်မှာတော့ တီတီတာတာ နာမည်ပြောင်လေးတွေပဲ သုံးနှုန်းဖို့ ချိုချိုမြိန်မြိန် ကတိပေးထားခဲ့ကြသော်လည်း.. ဖောင်းခနဲ ပေါက်ထွက်သွားတဲ့ ဒေါသတစ်ချို့က ဦးနှောက်ထဲ ဝင်မွှေသွားတာမို့ ဗြုန်းစားကြီး "ဟေ့ကောင်" ဖြစ်သွားတယ်...
ဟိုကလည်း ခပ်ပြတ်ပြတ်ပဲ ပြန်ပြောတယ်..." ငါ လာယူစရာ တစ်ခု ရှိလို့ အခု အပြင် ရောက်နေတယ် " တဲ့...
" ခုနလေးတင်တောင် အိမ်မှာ ငါနဲ့ စကားပြောနေသေးတာ... ငါ မသိလိုက်ဘဲ အပြင်ကို ဘယ်တုန်းက ထွက်သွား... "
" ပွဲကို တစ်ယောက်တည်း သွားလိုက်တော့နော်.. တစ်အောင့်နေမှ ပွဲမှာ တွေ့မယ်.. ဒါပဲနော်..
ပစ္စည်း စစ်ကြည့်ရဦးမှာမို့ "ဟော... ကြည့်...
တွဲနေတာ သုံးနှစ်နဲ့ တစ်ဝက်ပဲ ရှိသေး...
YOU ARE READING
In a Relationship with Cloud (Completed)
Fanfictionတိမ်တိုက်တစ်ခုနှင့် မေတ္တာမျှခြင်း