အပိုင်း (၈)

134 35 1
                                    

Kris ရေ ...


ခင်ဗျားဆီက ပြန်စာမလာပုံထောက်တော့ ကျနော်စဉ်းစားမိတယ် ... အရင်ပို့ခဲဖူးတာလေးက ဒီတိုင်း အဖြစ်သဘောနဲ့ ပို့လိုက်တာ ထင်ပါရဲ့ ... အေးလေ တစ်ချိန်လုံး နံပါတ်ကြီးနဲ့ အခေါ်ခံနေရတာ ခင်ဗျားလည်း ပေါက်ကွဲလာမှာပေါ့ .. တပ်ထဲမှာလည်း နံပါတ်နဲ့ ခေါ်တာဆိုတော့ တစ်ခါတစ်လေ နာမည်လေး အခေါ်ခံချင်လို့ ထင်ပါရဲ့ ... ဒါကြောင့်မို့ ကျနော်က ခင်ဗျားကို ခင်ဗျားနာမည် တပ်ခေါ်ပေးမှာပါ ...


ပြောရမယ်ဆို ခင်ဗျား ကျနော့်ကိုစာပြန်တာ ဘယ်သူ့ကိုမှ မပြောရသေးဘူးသိလား .. သူ့ရဲ့ စစ်သားကို နှစ်ပေါင်းများစွာ စာပို့နေကျဖြစ်တဲ့ Baekhyun ကိုတောင် မပြောပြဖြစ်ဘူး .. ခင်ဗျားအကြောင်းကို ကျနော်တစ်ယောက်တည်း သိရတဲ့ လျို့ဝှက်ချက်အနေနဲ့ ထားရတာ သဘောကျတယ် ... Luhan နဲ့ Sehun ဆို ကျနော်ဒီလို စာပို့တဲ့အစီအစဉ်မှာ ပါထားမှန်းတောင် မသိဘူးလေ .. ဘာလို့မှန်းမသိ .. သူတို့ကို ဘာမှမပြောပြဖြစ်ဘူး .. ဒီလိုပဲ အကြောင်းပြချက်မရှိ မပြောဖြစ်တာ .. ဒီစာတွေကို စာရေးကတည်းက ဒါက ခင်ဗျားနဲ့ ကျနော့်ရဲ့ကိစ္စလို့ ကျနော်သဘောပေါက်ခဲ့တယ် .. ကျနော်ဆိုလိုချင်တာက ခင်ဗျားကျနော့်ကို ပြောပြတာတွေကို ကျနော် ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့ .. 


ဒီအကြောင်းအရာတွေက ကျနော်တို့ ကြားထဲမှာပဲရှိမှာပါ .. ဒီလိုအားပေးလိုက်လို့ ခင်ဗျားအတွက် အင်အားဖြစ်မလားတော့ မပြောတတ်ဘူး ဒါပေမယ့်လည်း အင်း ခင်ဗျားရဲ့ အရမ်းလန်းတဲ့ အသစ်စက်စက် သူငယ်ချင်းလေး Chanyeol အကြောင်းကို ခင်ဗျားမြင်သမျှ လူကို လိုက်ကြွားမယ်ဆိုရင်တော့ ကျနော်လည်း မတတ်နိုင်ဘူး .. ဒီလောက်မိုက်တဲ့သူငယ်ချင်းကို မကြွားဘဲ ဘယ်သူနေနိုင်မှာလဲ .. နားလည်ပါတယ် .. နားလည်ပါတယ် ဟဲဟဲ ..

နောက်တာဘာ .. ကျနော်က အဲ့လောက် မတော်ပါဘူး ...


ကျနော် ခင်ဗျားကို မေးချင်တာတွေ အများကြီးရှိတယ် ...

ခင်ဗျားနဲ့ ပတ်သက်ပြီး သိချင်တာတွေလည်း အများကြီးပဲ ...

ဥပမာဆိုရင် ခင်ဗျား ဘယ်ကနေဘယ်လို စစ်တပ်ထဲ စရောက်လာလဲ? ခရစ်စ် .. ခင်ဗျား အသက်ဘယ်လောက်ရှိပြီလဲ?? ခင်ဗျားစာကို တစ်ကြောင်းလောက် ဖတ်ဖူးတော့ ကျနော် ပိုပြီး သိချင်နေမိပြီ .. မနေနိုင်တော့ဘူး စာပြန်စမ်းပါဗျာ .. ကျနော့်ကို တခန်းလွတ်နေတယ်လို့ ထင်ရင်လည်း တရားစွဲနိုင်ပါတယ်ဗျာ .. ဟဟ နောက်တာနော် တကယ်တရားမစွဲပါနဲ့ ... ရူးကြောင်ကြောင် ဖြစ်နေတဲ့သူတွေကို တရားစွဲလို့ရလို့လား?


ဟာကွာ .. ပေါက်ကရတွေ ပြောနေမိပြန်ပြီ ..

ဒါဘာဆိုလိုသလဲဆိုတော့ စာရေးဖို့ကိုတောင် ကျနော်အတော်ပင်ပန်းနေပြီဆိုတဲ့ သဘောပဲ ..


အခု မနက် ၂နာရီလေ .. အိပ်လို့လည်း မပျော်ဘူး .. ဘာကြောင့်အိပ်မပျော်တာလဲတော့ ခင်ဗျားက ဘယ်သိပါ့မလဲ .. ကဲ စာကတော့ ဒီလောက်နဲ့တင် တော်သင့်နေပါပြီ ထင်ပါတယ် ..


စာပြန်ပါဗျာ .. ကျေးဇူးပြုပြီး ..


ချန်းယောလ်

အိပ်မက်တစ်ခုပေါ် လျှောက်လှမ်းခြင်း [Kris x Chanyeol] (Ongoing)Where stories live. Discover now