အပိုင်း - ၇💚

13.5K 872 72
                                    

မနက်ခင်းလေးသည် မိုးလေးအေးအေးနဲ့အရမ်းကိုအိပ်လို့ကောင်းနေသည်။ ညကစောင်နဲ့လူနဲ့တခြားစီဖြစ်နေတာကို စေလိုရာလာခြုံပေးသွားတာ အကောင်ပိစိသိပါသည်။ အခုတော့စေလိုရာစောင်ခြုံပေးသွားလို့နွေးနွေးလေးနဲ့အိပ်လို့အရမ်းကောင်းနေသည်။ သို့ပေမဲ့ အိပ်လို့ကောင်းနေသည့်အချိန်တွင် အခန်းတံခါးဖွင့်သံလေးကိုကြားလိုက်ရပါသည်။ အကောင်ပိစိနှာခေါင်းရှုံ့လိုက်ပြီး စောင်ကိုပိုလို့တောင်ဆွဲခြုံပစ်လိုက်သည်။ မာမီတို့ရောက်နေသည်မို့ မာမီလာနှိုးပြီဆိုတာသခင်သိသည်။

"သားလေးရေ ထတော့လေ ... ကျောင်းသွားရဦးမယ်မလား ... စေလိုရာစောင့်နေတယ်"

နောက်ဆုံးစကားလေးတစ်ခွန်းကြောင့် မထချင်သေးလို့လှိမ့်ပတ်‌နေသည့်အကောင်ပိစိလေးသည် ဆံပင်လေးတွေထိုးထိုးထောင်ထောင် အိပ်မှုန်စုန်ဖွားရုပ်ကလေးနဲ့ငုတ်တုပ်တထိုင်ပါတော့သည်။ ဦးကသူ့ကိုစောင့်နေတယ်တဲ့။

"ဟုတ်မာမီ ... သားကျောင်းသွားရမယ် ... သားရေချိုးတော့မယ်နော်"

ချက်ချင်းကြီးကိုအိပ်ရာတွေသိမ်းသွားပြီး သဘက်ကလေးယူကာရေချိုးခန်းထဲဝင်သွားသည့် သူမ၏သားလေးကိုအံ့ဩမှင်သက်စွာငေးကြည့်နေမိသည်။ မိုးအေးနေလို့နှိုးလို့မရလောက်ဘူးလိုထင်နေမိတာ အခုတော့ အထင်နဲ့လက်တွေ့ကကွဲပြားနေခဲ့သည်။

"စေလိုရာ ခဏလောက်စောင့်လို့ရဦးမလား ... သားငယ်ကအခုမှရေချိုးနေတုန်းမို့လို့ပါ"

လှေကားလက်တန်းကိုကိုင်ကာဆင်းလာရင်း ဧည့်ခန်းထဲမှာထိုင်နေပြီးသူမ၏ခင်ပွန်းနဲ့စကားပြောနေသည့်စေလိုရာကိုလှမ်းပြောလိုက်သည်။

"ရတယ် အချိန်တွေရသေးတယ် ... နင်တို့ရောမနက်စာဘာစားကြမှာလဲ"

"အဆင်ပြေသလိုပေါ့ဟာ ... ဒီနားမှာCity martရှိတယ်မလား ... အသီးအရွက်လေးတွေဝယ်ပြီး ကြာဇံဖြစ်ဖြစ်ကြော်စားလိုက်မယ်"

"အေးပါ ... ငါနဲ့ကလေး ... အဲ သခင်လေးနဲ့ကအပြင်မှာပဲစားလိုက်မယ်"

"အဲ့တာဆို ငါတို့လည်းလိုက်မယ်လေကွာ ... တစ်ခါတစ်လေအတူတူစားရတာပေါ့"

သခင့်​စေလိုရာWhere stories live. Discover now