Ep-17

2.9K 265 13
                                    

[Zawgyi]

သူ့ဘ၀က Kim JiSooသာမရှိရင် ဘာမှ အဓိပ်ပါယျ မရှိ...

Kim JiSooကသူ့ရဲ့မျှော်လင့်ချက်...

အချစ်ဦးမို့ ပိုရူးတော့သည်ကအမှန်...

ခုသူ့ကို ဆုံးရူံးရမည့်အတွေးက သူ့လက်ပေါ် တင်ထားတဲ့ဓားက သူ့သွေးကြောကိုမဖြတ်ခင် သူအသက်ရှူမရပ်ခင် အကြိမ်ကြိမ် သေပါသည်...

ကျောက်ပတ်တီးကြောင့် လှုပ်ရှားမရတဲ့ လက်ကို ဖြုတ်ချပြီး သူ့ရဲ့လက်တစ်ဖက်က သွေးကြောကို ဖြတ်ပြီး သူဒီဘ၀ကို အဆုံးမသတ်ခင် သူရဲ့အရမ်းပြည့်ချင်တဲ့ နောက်ဆုံးဆုတောင်းလေးကို ခပ်ဖွဖွ ဆုတောင်းမိသည်...

"ကျွန်မ Jennie Kimသည်ဘ၀ဆက်တိုင်းမှာ Kim JiSooကို ပိုင်ဆိုင်ရတဲ့သူ ဖြစ်ပါစေသား..."

ဓားကို လှီးဖြတ်ဖို့ပြင်နေတုန်းမှာပဲ ဓားကို ဆုပ်ကိုင်ချလိုက်တဲ့ လက်ကြောင့် သူ့လက်အစား ဆုပ်ကိုင်တဲ့လက်က သွေးတို့ကရဲခနဲ ထွက်လာသည်....

"ဒါ ဘာလုပ်နေတာလဲ Jennie!!(Shout)"

Jameမျက်ရည်တို့ ကျနေပြီး ဓားကိုတင်းတင်းဆုပ်ကိုင်ကာ...

"U...Unnie!!"

"နင်ရူးနေလား..??နင့်ကိုယ်နင် ဘာလုပ်နေတယ်ထင်လဲ?ငါတို့ကိုရော နင်ထည့်စဉ်းစားရဲ့လား..?"

"Jen..Jen...မသိဘူး...သေ..သေချင်တယ်..(Cried)"

"Kim JiSooကို နင်သေရင် ပိုင်ရမယ်လို့ ထင်နေလား..??နောက်ဘ၀ဆိုတာ နင်ဘာသိမှာလဲ?"

"အသက်ရှင်နေပြီး မပိုင်ဆိုင်ရမှန်း သိနေမှတော့ သေသွားပြီး အကုန်လုံးမေ့ပစ်လိုက်ချင်တယ်..."

"သူ့ကို Lim Lisaပိုင်ရမယ်လို့ နင်ထင်နေလား?နင်ပိုင်ချင်ရင် ငါလုပ်ပေးမှာပေါ့!ဒီလောက်ထိ မိုက်ရူးရဲဆန်ဖို့လိုလား?အရင်က လိုချင်တာရအောင်ယူတတ်တဲ့ Jennie Kimဘယ်မှာလဲ?နင်အဲ့လောက် ပျော့ညံ့ရလား?"

"Molar...Molar...Jen ဘာမှ မသိချင်ဘူး...Kim JiSooကိုပဲ သေမတတ် လိုချင်တယ်!သူ့ကိုပဲ ရချင်တယ်!!(Cried)"

ဆုပ်ကိုင်ထားတဲ့ ဓားကို Jameလွှတ်ချပြီး Jenပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ....

"ဒီမှာ NiNi!သူ့ကို လိုချင်ရင်Lim Lisa ထက် အင်အားကြီးရမယ်!ရအောင်ယူတတ်ရမယ်!ထွက်မပြေးရဘူး!အရင်က Jennie Kim လို ပြန်နေရမယ်!!"

It's gotta be you(Zaw Uni)Where stories live. Discover now