----
ကာယအချိန်တွင် ကျောင်းသားများကိုလွတ်လပ်ခွင့်ပေးထားတာကြောင့် ဆော့သူကဆော့ စာလုပ်သူကလုပ်နေကြသည်။
"ကောင်းကောင်း... မင်းကလေ...
ငါခရီးလေးတစ်ပတ်ထွက်တာ ဘာအိမ်စာမှမလုပ်ထားပါလား..."ကျောင်းပြန်တက်တာနဲ့ ဇွဲမာန်ကိုအမောဆို့စေတာက ကောင်းကောင်းဖြစ်သည်။ ဇွဲမာန်တွက်ခိုင်းထားတဲ့စာတွေသာမက ကျောင်းအိမ်စာတွေပါတစ်ပုဒ်မှမတွက်ထားတာကြောင့် ဆူနေရသည်။
"မလုပ်တော့ဘာဖြစ်လဲ...
မင်းတောင်တစ်ပတ်လုံးပျော်ပါးနေတာ.. ငါလဲတစ်ပတ်တစ်လေစာမလုပ်တာ..."သူကစာသာမလုပ်တာ တစ်ခွန်းမကျန်တော့ပြန်ခံပြောသည်။ ရုပ်ကလေးကသာ ချစ်ဖို့ကောင်းတာ ကလေးမျက်နှာနဲ့မှမလိုက် ဂျစ်ကန်ကန်နဲ့။
"အဲ့ဒီတော့ မင်းစာမလုပ်တာ ငါ့အပြစ်ပေါ့..."
ဇွဲမာန်အသံအနည်းငယ်မာသွားသည်။
"အင်း ဟုတ်တယ်...
မင်းခရီးထွက်နေလို့ ငါမလုပ်တာ..."ကောင်းကောင်းကလဲအလျော့မပေးနိုင်။
"မင်းဘာသာမင်းမလုပ်လို့ မရတာကို ငါ့ကိုလာအပြစ်ဖို့နေတယ်...
ကောင်းကောင်း....မင်းကတော်တော်အကျင့်မကောင်းတာပဲ..."ဇွဲမာန်ပါးစပ်ကနေ ကောင်းကောင်းကိုအပြစ်တင်ဟန်ရှိသည့်စကားလွတ်ခနဲထွက်သွားမိသည်။
"အင်း...ဟုတ်တယ်...
ငါကအကျင့်မကောင်းဘူး...ဝတီလင်းပဲအကျင့်ကောင်းတယ်... အဲ့တော့မင်းငါ့ကိုလာမခေါ်နဲ့..."တခြားသူပြောလျှင် တော်ရုံမနာတတ်ပေမဲ့ အမြဲအလျှော့ပေးနေကျဇွဲမာန်က ဒီလိုအပြစ်တင်လာရင်တော့ ကောင်းကောင်းစိတ်ထဲဝမ်းနည်းသွားသည်။
စကားကျွံသွားတာကြောင့် ဒီကောင်လေးစိတ်ကောက်သွားမှန်းဇွဲမာန်သိလိုက်သည်။ ဘာကြောင့်လဲဆိုတော့သူစိတ်ကောက်နေလျှင် ဝတီ့ကိုအကောင်းပြောလိမ့်မည်။
"ဆောရီး.... ငါလွန်သွားတယ်..."
တစ်ဦးတည်းကြီးပြင်းလာတာကြောင့် စိတ်ကောက်တာကို ဇွဲမာန်မချော့တတ်။ ဒါပေမဲ့လဲ ခုစိတ်ကောက်နေတာက ဇွဲမာန်ရဲ့ကလေးလေးမို့ မချော့တတ်ချော့တတ်နှင့်ချော့ရသည်။
YOU ARE READING
ToYou
Romanceချစ်ခြင်းမေတ္တာမှာ အကွာအဝေးဆိုတာမရှိပါဘူး... အဓိကကနှလုံးသား၂ခုနီးနေဖို့သာ... Love has no distance...
Chapter-27
Start from the beginning