Chapter-19

1.2K 101 0
                                    

ကျောင်းပိတ်ခါစ ကျူရှင်လဲမရှိတာနဲ့ ဇွဲမာန်ထွေထွေထူးထူးလုပ်စရာမရှိ။ ပုံမှန်လုပ်နေကြ အားကစားလုပ်ပြီး ရေမိုးချိုးသည်။ အိမ်ဧည့်ခန်းထဲထိုင်ရင်း TVကိုတစ်လိုင်းပြီးတစ်လိုင်းပြောင်းပြီးကြည့်သည်။ အိမ်ကြီးထဲ အိမ်အကူများသာရှိတာကြောင့် ဇွဲမာန်နေရတာမပျော်၊ ပျင်းတွဲတွဲဖြစ်လာတာနဲ့ စိတ်ထဲသတိရလာတာက ကောင်းကောင်းကို။

ပြန်သွားတာတစ်ပတ်တောင်ကျော်ပြီ ဖုန်းဆက်ဖော်တောင်မရဘူး။ ဖုန်းနံပါတ်များမေ့သွားလို့လား၊ ဒါလဲမဖြစ်နိုင် မပြန်ခင်ကမှ သူ့ဖုန်းနံပါတ်ကိုအလွတ်ရွတ်ပြသွားသေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်လေးနေနိုင်လွန်းသည်။ မတတ်နိုင် မနေနိုင်တဲ့ ဇွဲမာန်ပဲဖုန်းခေါ်ရမည်။

"ဟဲလို..."

"ဟုတ်ကဲ့ ကောင်းကောင်းရှိလားမသိဘူးခင်ဗျ..."

မိန်းကလေးအသံကြောင့် ကောင်းကောင်းရဲ့အစ်မကြီးဖြစ်မည်ဟုဇွဲမာန်ထင်သည်။

"မရှိဘူးရှင့်... အပြင်ထွက်သွားတယ်...
ဘယ်သူလို့ပြောပေးရမလဲမသိဘူး..."

ငယ်သံမပေါက်တဲ့ ဇွဲမာန်ရဲ့ပင်ကိုအသံကြောင့် တစ်ဖက်ကအစ်မက ယဉ်ယဉ်မွန်မွန်ပြန်ဖြေသည်။ ကောင်းကောင်းဆိုတာကလဲ ခြေငြိမ်လှတာမဟုတ်၊ သူဖုန်းဆက်သည့်အချိန်တောင် အိမ်ထဲမှာမနေဘဲ ဘယ်တွေသဝေထိုးနေလဲမသိဘူး။

"ဟုတ်ကဲ့အစ်မ...
ကျွန်တော်က ဇွဲမာန်ပါ.... "

"အော် ဇွဲမာန်လား အစ်မသိတယ်...
ငါ့မောင်အကြောင်း သားငယ်ခဏခဏပြောတယ် သူ့အခင်ဆုံးသူငယ်ချင်းတဲ့..."

ဒါမျိုးတော့ ပြောတတ်သားပဲ၊ ဒီလိုကျတော့ ကောင်းကောင်းကချစ်ဖို့ကောင်းသွားပြန်ရော။ ဇွဲမာန်ကျေနပ်ပြုံးပြုံးကာ

"ဟီး သူဘယ်အချိန်လောက်ပြန်ရောက်မလဲမသိဘူး..."

"နည်းနည်းတော့ကြာမယ် ငါ့မောင်ရ..
သူကမြို့ထဲက ဖူဆယ်ကွင်းမှာ ဘောလုံးသွားကန်နေတာ...
အဲ့ဒီနားမှာ သူငယ်ချင်းအိမ်ရှိတယ်ဆိုတော့ နေ့လည်ထမင်းစားချိန်တောင် ပြန်လာစားချင်မှစားတာ...
ဒီရောက်တော့ သူ့ငယ်သူငယ်ချင်းတွေနဲ့ဆိုတော့ အပျော်အပါးခုံမင်သလားမမေးနဲ့ငါ့မောင်ရ..."

ToYouWhere stories live. Discover now