•°•° Colder Than Fire °•°•
*Yixing ya … နင်အားလား…
တွေ့ရအောင်လေဟာ… *
ဝင်လာတဲ့ Jiyeonရဲ့ Message ကိုကြည့်နေတုန်း 'ဘယ်သူနဲ့ Chatနေတာလည်း' ဆိုတဲ့ အမေးနဲ့အတူ ဖုန်းလုသွားတဲ့ Jongdae… ပါးစပ်ကလည်း သခွားသီးတစ်စိတ်ကို ဝါးလို့…
"Ya ဒါ ဟိုဆရာဝန်မလေးမလား!! Yixing!! ဘာလုပ်နေတာလည်း ဝင်လုံးတော့လေ! ဒီလောက်ရေလာမြောင်းပေးလုပ်နေတဲ့ဟာကို… "
"ဖယ်စမ်းပါကွာ… ဖုန်းပြန်ပေးးး … "
Jongdaeဆီက ဖုန်းကိုလုပြီး ဖုန်းScreen ကိုအကြည့်ရောက်တော့ "တွေ့မယ်လေ… ငါဘယ်ကိုလာရမလည်း" ဆိုသော Reply ကိုတွေ့လိုက်ရသော့ကြောင့်
"Ya!!! Kim Jongdae!!!!! "
လှမ်းအော်ချိန် သူကအိမ်အပြင်သို့ပင်ရောက်နေလေချေပြီ
*မြို့ပေါ်မှာ ကော်ဖီဆိုင်ကောင်းကောင်းတစ်ခု ငါတွေ့ထားတယ်… ငါလာခေါ်မယ်လေ … အိမ်လိပ်စာပြော*
ဟူသော Messageထပ်ရောက်လာချိန် သက်ပြင်းအသာချမိလေသည်
Jongdaeက ကျတော်နဲ့သူမကို နီးစပ်စေချင်သော်လည်း ကျနော်ကတော့ သူမကို စိတ်ဝင်စားသလား မစားသလားမသဲကွဲပါ
လောလောဆယ်မှာတော့ ငယ်စဉ်က သံယောဇဉ်တစ်ခုသာရှိသည်တွေ့တဲ့နေ့ကနည်းက ဖုန်းနံပါတ်ချင်းလဲထားကြပြီး Kakao Talk နဲ့နေ့တိုင်း စကားပြောဖြစ်ကြသော်လည်း တစ်ခါမှ အပြင်ကို တူတူမသွားဖူးသေး
Jongdaeကျေးဇူးကြောင့် သူမကိုဒီနေ့တော့ သွားတွေ့လိုက်ပါ့မည်လေ …
လိပ်စာပြောပြီး ခနအကြာ အိမ်ရှေ့ရောက်လာတဲ့ ကားအဖြူတစ်စီး…
သူမဆေးခန်းနှင့် ကျနော်တို့အိမ်နဲ့သိပ်မဝေးတာကြောင့် ခနလေးနဲ့ရောက်လာတာဖြစ်လိမ့်မည်
ကျနော်လည်း Jongdaeပေးထားတဲ့ဘောင်းဘီအနက် Hoodie အဖြူလောက်သာ ဝတ်ပြီး သွားလိုက်လေသည်