နာကျင်ခြင်းများနှင့်အတူ မနက်ခင်းစောစောမှာ ခေတ်နိုးထလာခဲ့၏။
" ရက်စက်လိုက်တဲ့ ရှေး...."
ပထမဆုံးနာနာကျင်ကျင်သည်း မိတဲ့အထိခေါင်းတစ်ခုလုံးတစ်စစ်စစ်ဖြစ်လို့နေသည်။ ခေါင်းကြီးကိုအစိမ်းချုပ်ရအောင် ခံရတဲ့ ဒီလူက စက်ရုပ်မို့လား။
တွေးရင်းနဲ့ ဒေါသထွက်လာရသည်မို့...." ယေး... ရှေး... ယေးရေ..."
ခေတ် ထိုအမွှာ အမနှစ်ယောက်အား အသံကုန်အော်ခေါ်လိုက်မိသည်။ အသံကြားလို့လားမသိပြေးဝင်လာတဲ့ ယေး နှင့်ရှေး....။" ဟေ.. လာပီကလေးရေ.... ဘာလိုလို့လဲ... ပြော ဘယ်နားနာသေးလဲ...."
အသည်းအသန်မေးနေသည့် အမနှစ်ယောက်ကို လစ်လျှူရှုကာ...
" လုပ်ဦး... ဒီမှာ မခံနိုင်တော့ဘူး..."
ခေါင်းအား လက်ညှိုးဖြင့် ခပ်ဆန့်ဆန့်ထိုးပြတော့..." ဘာလို့လဲ... ခေတ်လေးရဲ့..."
" နာလို့ပေါ့ဗျာ.... တစ်ခုခုလုပ်ဦး... အရိုက်ခံရတုန်းကတောင် အဲလောက်အနာဘူး... ရှေးတို့လုပ်မှ ပိုနာနေတယ် ..."
" ရှေးတွေ့လား... အဲဒါကြောင့်ထုံဆေးထိုးပါမယ်ဆို လက်မခံဘူး... "
" ကလေးကလည်း ခဏတော့ သည်းခံလေကွာ.... ပြီးရင်သက်သာမှာပဲကို...."
" အဲဆို ရှေးလာခံကြည့်လေ... တကယ်အဆင်မပြေလို့ပြောနေတာကို...."
" ကဲရှေးရယ်.... ကလေးနဲ့အပြိုင်ပြောမနေပါနဲ့.. ဂြိုလ်တုဆေးတောင့်သွားယူခဲ့..."
ယေးပြောလိုက်မှ ဆူဆူဆောင့်ဆောင့်ထွက်သွားသည့် ရှေးအားကြည့်ကာ ခေတ် နာနေသည့်ကြားက ရယ်မိရသည်။ အသက်ကဖြင့် ၄၀ နားကပ်နေပြီ... ကလေးစိတ်ကမကုန်သေးတဲ့ ရှေး။ ခဏနေတော့ ဆေးကဒ်လေးကိုင်ကာ ဝင်လာပြီး...
" ဒီမှာ ရပြီ..... ဟိုဘက်လှည့်..."
" ဘာလုပ်မလို့လဲ..."
" ဒီဟာ ကလေးကိုယ်ထဲထည့်မှ အနာသက်သာမှာပေါ့..."
ခေတ် မျက်လုံးပြူးသွားရသည်။ အဖျားကြီးတာတို့ အနာသက်သာအောင်ဆို ဒီဂြိုလ်တုအမည်ရှိသည့်ဆေးက သက်သာတာမြန်ပေမယ့် အခုက အမနှစ်ယောက်ရှေ့မှာ ဘယ်မျက်နှာနဲ့ထည့်ရမလဲလေ။ ထိုးဆေးလောက်ဆို ရနေပြီပဲကို ။
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️