" စစ်သည်တော် ရဲမက်များ အကုန်လုံး ကျုပ်ပြောတဲ့စကားကိုသေချာနားထောင်ပေးပါ.... ဒီညသန်းခေါင်ယံကျော်ရင် ဗိဿနိုးပြည်ကြီးကို စတိုက်မှာမို့ အကုန်လုံး သတိဝိရိယရှိစွာနဲ့ နိုးနိုးကြားကြားနေဖို့ပဲတောင်းဆိုချင်ပါတယ်...
ကျုပ်တို့ပင်ပန်းဆင်းရဲ ကြိုးစားထားတာတွေ သဲထဲရေသွန်မဖြစ်ရအောင် အိမ်မှာကျန်နေခဲ့တဲ့ မိသားစုနဲ့မြန်မြန်တွေ့နိုင်အာင် တစ်ယောက်ချင်းဆီတိုင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လဲမမေ့ပါနဲ့။ တိုက်ပွဲမှာ မကျရှုံးစေနဲ့။ ရဲမက်တို့အိမ်ပြန်လာမယ့်အချိန်ကို စောင့်နေကြတဲ့ မိသားစုဝင်တွေရှိတယ်ဆိုတာ သတိရပေးပါ။
ရန်သူကို ဘယ်တော့မှ လျှော့မတွက်မိစေနဲ့။ အတတ်နိုင်ဆုံး အပြစ်မဲ့ နန်းတွင်းသူတွေကို အထိအခိုက်နဲပါးအောင် သတိထားတိုက်ခိုက်ပေးပါ..."
တောနက်တစ်ခုလုံး ပဲတင်ထပ်သံများဝေစည်ကာ သြဇာအာဏာညောင်းစွာဖြင့် စစ်ရဲမက်များအားမှာကြားနေသည့်သခင်။ လက်ရုံးရည် နှလုံးရည်ပြည့်ဝသည့်အပြင် အပြင်ပန်းကကြည့်ရင် မာကျောသည်ဟုထင်ရပေမယ့် အတွင်းစိတ်က အင်မတန်နူးညံ့တတ်သူဖြစ်သည်။ အရာရာကိုအကွက်ကျကျစီမံခန့်ခွဲတတ်သည့်အပြင် ကိုယ်ကျိုးအတွက်မကြည့်ဘဲ အများကျိုးအတွက်ဆောင်ရွက်တတ်သူ။ လက်အောက်ငယ်သားတွေအပေါ်တွင်လည်း နွေးနွေးထွေးထွေးဆက်ဆံတတ်သူမို့ ရဲမက်များက ပင်ပန်းပေမယ့်လဲ အတတ်နိုင်သမျှကြိုးစားလုပ်ကိုင်ကြလေ၏။ ထိုအပြင် အိမ်မှာကျန်ခဲ့သည့် ရဲမက်များရဲ့မိသားစုဝင်တွေကိုလည်း စားနပ်ရိက္ခာများဖြည့်တင်းပေးသေး၏။ အကြောင်းမှာ အလုပ်လုပ်ကိုင်ကာ ကျွေးမွေးစောက်ရှောက်နေသည့် အိမ်တစ်အိမ်ရဲ့ ပဲ့ကိုင်ရှင်များကို ခေါ်ယူအသုံးချထားခြင်းကြောင့်ဟုပြောလေသည်။
@@@@@@@@@@@
သခင်ပြောခဲ့တာ ဒီနေ့ဒီအချိန်မို့ အနွယ် လိုအပ်သည့် အနည်းငယ်မျှသော ပစ္စည်းများကိုသာ ထုတ်ပိုးရင်းစောင့်နေမိသည်။ ဘုရင်က တစ်ခါကာမဆက်ဆံပြီးတိုင်းတစ်ခါ မိန်းမပျက်ကဲ့သို့ ပစ်ပေးခဲ့သည့် ရွှေဒင်္ဂါးပြားများကို အရင်က ရွံရှာစက်ဆုပ်မိပေမယ့် အခုချိန်မှာ လိုအပ်လာသည်မို့ အကုန်ယူကာ သိုဝှက်သိမ်းဆည်းမိသည်။ အနွယ်တို့က ဘယ်လောက်ကြာကြာပြေးနေရမယ်မှန်းမသိတာမို့ ထိုရွှေဒင်္ဂါးများက ဝမ်းရေးတွေအတွက်တော့ လုံလုံလောက်လောက် ဖူလုံနိုင်လိမ့်မည်။
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️