Extra 3

45.1K 1.9K 62
                                    

Unicode below

မန္တ​လေးမြို့၏ အ​ရှေ့ဘက်​ယွန်းယွန်းသည်​ ​တော​တောင်​များဖြင့်​ ခြံရံထားပြီး ပတ်​ဝန်းကျင်​သာယာလှ​သော ​နေရာဆိုလည်းမမှား​ပေ။ ​သ​ဘာဝအ​လျောက်​ဖြစ်​​ပေါ်​နေသည့်​ ​ရေတံခွန်​တို​လေး​တွေနှင့်​ ​တော​တောင်​စိမ်းစိမ်းများကြားတွင်​ မိဘမဲ့က​လေး​ကျောင်း​လေးတစ်​ခု တည်​ရှိ​နေသည်​။ အရွယ်​စုံက​လေးများလည်းရှိသလို သင်္ကန်းစည်းထားသည့်​ ကိုရင်​ငယ်​​လေးများကလည်း အ​ရှေ့မှဆရာမချ​ပေးသည့်​ စာကို တ​ကျော်​​ကျော်​ရွတ်​ဆို​နေသံများ ပျံ့လွှင့်​​နေသည်​။ ​ကျောင်းကိုအဓိက ဦး​ဆောင်​တည်​ထိုင်​သူ ဘုန်းဘုန်းမှာလည်း ​ကျောင်းအတွင်း လှည့်​လည်​ကြည့်​ရှူ​နေသည်​။ ခဏကြာ​တော့ လမ်းတွင်​ခင်းထားသည့်​ ​ဖုံမှုန့်​လုံးများနှင့်​အတူ ​မော်​ဒယ်​မြင့်​ကားများ အသီးသီး​ရောက်​ရှိလာကြသည်​။ ယ​နေ့အတွက်​ အလှူရှင်​များ ​ရောက်​လာကြပြီ။ မိဘမဲ့​ကျောင်းတွင်​ အလုပ်​ကူလုပ်​​ပေးသည့်​သူများက လှိုက်​လှိုက်​လှဲလှဲ ကြိုဆိုကြသည်​။ ကားမှဆင်းလာသည့်​ အလှူ့ဒါယိကာ ဇနီး​မောင်​နှံတို့က​တော့ မျိုးမြတ်​ပိုင်​နှင့်​ တ​ယော။ တ​ယော၏ လက်​ထဲတွင်​လည်း ​မေဝတီ​လေးကို ​ပွေ့ထားသည်​။

ဒီနှစ်​ ​မေဝတီ​လေး နှစ်​နှစ်​ပြည့်​သည့်​​နေ့။ လူစုံတပ်​စုံပင်​ ​စု​ဝေး​ရောက်​လာကြသည်​။ ​တေဇာပိုင်​တို့တင်​မက ​ဒေါ်ဇာခြည်​တို့ ​ဒေါ်​ဟေမန်​တို့ပါမကျန်​ လိုက်​ပါလာကြသည်​။ လက်​ထဲတွင်​လည်း က​လေး​တွေကို လှူဖို့ပစ္စည်းကိုယ်​စီဖြင့်​။ ထိုလူအုပ်​ထဲတွင်​ လူပျိုအုပ်​စုဖြစ်​သည့်​ သက်​တန့်​လင်း ၊ ​တေဇာပိုင်​ ၊ စိုင်းပြည့်​နှင့်​ လ​ရောင်​တို့မှာ စတစ်​အင်္ကျီအဖြူနှင့်​ ​ယောပုဆိုးဆင်​တူ ဝတ်​ဆင်​ထားကြရာ အုပ်​စုထဲတွင်​ ထင်းကနဲဖြစ်​​နေသည်​။ ​ကျောင်းထဲမှ က​လေးများက​တော့ အလှူရှင်​လာသည့်​အခါတိုင်း ​ပျော်​ကြရသည်​။ သူတို့ဒီ​နေ့ ထမင်း​ကောင်း ၊ ဟင်း​ကောင်းနှင့်​ ဝဝလင်​လင်​စားရ​တော့မည်​။

လူကြီးများနှင့်​ မျိုးမြတ်​ပိုင်​တို့ မိသားစုက​တော့ ​ရေစက်​ချတရားနာရန်​ ​ကျောင်း​ဆောင်​​ပေါ်သို့ တက်​သွားသည်​။ ​ကျောင်း​ဆောင်​ဟု​ဆို​သော်​လည်း သားသားနားနားမဟုတ်​။ ​သုတ်​​ဆေးမလိမ်းခြယ်​ထားရ​သေးဘဲ ဘိလပ်​​မြေဖြင့်​သာ အဖြစ်​သ​ဘော​ဆောက်​ထားရသည်​။ က​လေးများ၏ စာသင်​​ဆောင်​များမှာ​တော့ ​နေဒဏ်​ ၊ မိုးဒဏ်​ခံနိုင်​သည့်​ တဲသာသာပင်​။ ​​ဘေးပက်​ဝန်းကျင်​တွင်​လည်း အိမ်​​ခြေမရှိ။ အ​ရှေ့ဘက်​မှာ​တော့ ​တော​တောင်​စိမ်းစိမ်း​တွေမြင်​​နေရပြီး အ​နောက်​ဘက်​ ​ကျောင်းနှင့်​ မျက်​နှာချင်းဆိုင်​မှာ​တော့ ကွင်းပြင်​ကျယ်​ကျယ်​က ​နေရာယူထားသည်​။ က​လေးများ​ဆော့ကစားကြသည့်​ ​နေရာဆိုလည်း မမှား​ပေ။ သက်​တန့်​လင်းတို့ ​လေး​ယောက်​က​တော့ ​ကျောင်း​ဆောင်​​အောက်​က သစ်​ပင်​ရိပ်​ရသည့်​ ​နေရာတွင်​စုပြီး ထိုင်​လိုက်​ကြသည်​။

My Fussy Boyfriend || CompletedWhere stories live. Discover now