Kitနှင့်ပြေလည်သွားပြီဖြစ်သောကြောင့် Mingအတွက်
မနက်ခင်းလေးသည် မနေ့ကနှင့်မတူ သာယာလွန်းနေသည်။
လက်ကဒဏ်ရာကြောင့် ရေချိုးဖို့ရာ သိပ်ပြီးအဆင်မပြေလှသော်လည်း အပြုံးမပျက် လေလေးတချွန်ချွန်နှင့်ရေချိုးခန်းထဲသို့ဝင်သွားလေသည်...ထိုဒဏ်ရာကို ရေမစိုစေရန်အလို့ငှာ
ပတ်တီးပေါ်၌ ပလတ်စတစ်ကိုအထပ်ထပ်အုပ်၍ ထိုဘယ်ဘက်လက်အား အပေါ်တွင်တင်မြှေက်ကာ
ရေချိုးနေလေသည်။ရေချိုးပြီးသည့်နောက်တွင်တော့ ထိုဒဏ်ရာကြောင့် ဆံပင်အားသေချာမဖီးလိမ်းနိုင်ပေ။ထို့ကြောင့်ဆံပင်တို့မှာ နဖူးပေါ်သို့ဝဲကာကျနေလေသည်။
သို့သော်သူ၏ခန့်ညားမှုမှာ လျော့ကျမသွားပေ။ဝတ်ထားသည့် ကျောင်းဝတ်စုံနှင့်ထိုဆံပင်မှာ
တမျိုးကြည့်ကောင်းနေပြန်သည်။Ming " သိပ်ကိုချောနေတာက ပြသာနာပဲMing
မှန်ရှေ့တွင် ကိုယ့်ကိုကိုယ်ချီးမွှမ်းခန်းဖွင့်ပြီးသည့်နောက်
အိမ်အောက်ထပ်သို့ဆင်းလာပြီး ထမင်းစားခန်းထဲသို့
သွားလိုက်သည်။ထိုအခါမှာတော့စားပွဲဝိုင်းထိပ်တွင် ထိုင်ကာ ကော်ဖီသောက်နေသောအမေဖြစ်သူက သူ့အားသေချာကြည့်ကာMing's Mom " Ming!လက်ကဘာဖြစ်တာလဲ?
Ming " ဩော် နည်းနည်းပွန်းသွားလို့ပါ
Ming's Mom " ဘယ်မှာဖြစ်တာလဲ?
Ming's p.o.v>>>ဘယ်လိုပြန်ဖြေရမလဲကွာ?P'Kitရဲ့အိမ်မှာဖြစ်တယ်ပြောလိုက်လို့ကတော့
Ming " အခုသားကျောင်းသွားတော့မယ် နည်းနည်းနောက်ကျနေလို့။
Ming's Mom " Ming!မားမေးတာဖြေအုံးလေ...
အမေဖြစ်သူ၏အော်သံကိုမကြားချင်ယောင်ဆောင်ကာ
အိမ်ထဲမှခပ်သွက်သွက်ထွက်သွားလေပြီဖြစ်သည်။Ming's Mom " ဒီကောင်လေးကတော့ Kaewအကြောင်းတောင်မပြောလိုက်ရဘူး...
ဘာတွေအလျှင်လိုနေလဲမသိ။
_______________________________Ming " Sawadee kha P'...ကျွန်တော် စကားနားထောင်တယ်နော်..ကားမယူလာဘူး။
Kit၏အိမ်အပြင်ဖက်တွင် အငှားယာဉ်တစ်စီးရပ်နေပြီး
ထိုကားရဲ့နဘေးတွင် မတ်တပ်ရပ်နေသောMing...
အိမ်ထဲမှထွက်လာသောKitကိုကြည့်ကာ နှုတ်ဆက်စကားဆိုနေခြင်းပင်။