" ငါနဲ့ ခဏလောက် စကားပြောရအောင် "
" နင်နဲ့ ဘာမှ ပြောစရာစကားမရှိဘူး ရှေ့က ဖယ် "
" အဲ့ဒါဆို ကိုယ်နဲ့ ခဏလောက် စကားပြောမယ်လေ "
" စီနီယာနဲ့လည်း ဘာပြောစရာစကားမှ မရှိဘူး "
အစိမ်းရောင် မြက်ခင်း.. လိမ္မော်ရောင် သစ်ပင်တန်းတွေ ဘေးပတ်ပတ်လည်ကနေ ဝန်းရံထားတဲ့ စင်္ကြံလမ်းငယ်လေးအတွင်းမှာ... အရပ် ခပ်မြင့်မြင့်နဲ့ ရုပ်ရည် သန့်သန့်ပြန့်ပြန့် ယောကျ်ားနှစ်ယောက်က တက္ကသိုလ်ကျောင်းသူအရွယ် မိန်းကလေးတစ်ယောက်ကို အရှေ့မှ ကာဆီး ကာဆီး လုပ်ရင်း... အလုအယက် နှောင့်ယှက်နေတဲ့ ပုံရိပ်တစ်ခုကို... ဒီမနက်ရဲ့ ဦးဆုံး သတင်းခေါင်းစဉ်အဖြစ် ထင်ထင်ရှားရှား မြင်တွေ့နိုင်မှာ ဖြစ်တယ်... အဲ့ဒါအပြင် အဆိုပါ သုံးယောက်စလုံးက ဟောဒီ တက္ကသိုလ်မှာ အတန်အသင့် နာမည်ကြီးကြတဲ့သူတွေ ဖြစ်တာကြောင့်လည်း ဖြတ်သွားဖြတ်လာ ကျောင်းသားကျောင်းသူတွေရဲ့ ကွက်ကြည့်ကွက်ကြည့် လုပ်သွားခြင်းကို မခံရဘဲ မနေနိုင်...
" သူ တကယ် မနေ့က အရက်တစ်ငုံတောင် မသောက်ဘူးလို့ .. တကယ် တကယ် .. ငါ့ရည်းစား Lee Sungyeol နဲ့ တိုင်တည်ပြီး ကျိန်ပြောရဲတယ် "
တိုင်တည်စရာ မရှိ ကြံဖန် တိုင်တည်နေတယ် ဆိုပြီး Sungyeol ရုပ်ကြီးက မသိမသာ မဲ့ရွဲ့သွားပေမယ့်... တစ်ဖက်မှာကလည်း ဘော်ဒါကြီး Nam Woohyun အတွက် အရေးပေါ်အခြေအနေမို့... ချက်ချင်း မျက်နှာကို တည်တည်တံ့တံ့ အသွင် ပြန်ပြောင်းပြီး ခေါင်း တဆတ်ဆတ် ညိမ့်ပေးရတယ်...
" မနေ့က လေးယောက်သွားရင် ဝီစကီတစ်ပုလင်း အပိုရတယ် ဆိုလို့ .. အဲ့ဒါကြောင့် သူ့ကို မရမက ခေါ်သွားတာ .. အားလုံးက ကိုယ်တို့အပြစ်တွေ .. သူ့မှာ ဘာအပြစ်မှ မရှိလို့ ဒီလောက်နဲ့ စိတ်ဆိုးပြေလိုက်ပါတော့.. နော် .. ညီမကို သူ ဘယ်လောက်ထိ ချစ်မှန်းလည်း ညီမက အသိဆုံးပဲဟာကို.. ဟုတ်တယ်မလား "
" ပြီးတော့ အစ်ကိုက နေ့လည် Breaktime ရရင် ကျောင်းကို လာခဲ့မယ်တဲ့.. သူ လာရင် သူ့ကို စိတ်မကောင်းဖြစ်အောင် ထပ်မလုပ်ပါနဲ့တော့ဟာ နင်ကလည်း.. နော် "
YOU ARE READING
In a Relationship with Cloud (Completed)
Fanfictionတိမ်တိုက်တစ်ခုနှင့် မေတ္တာမျှခြင်း