Unicode below
နေ့တစ်နေ့၏ အသာယာဆုံးအချိန်ဖြစ်သည့် မနက်ခင်း။ တစ်ကျိကျိနှင့် ထိုးနေသည့် စာကလေးသံ ၊ မနက်ခင်းကတည်းက လုံ့လဝီရိယဖြင့် ဝမ်းစာရှာနေသော ပဲပြုတ်သည် အဒေါ်ကြီး၏ အော်သံ စူးစူးဖြင့် သာယာလွန်းလှသည်။ နေရောင် ဖျော့ဖျော့လေးကလည်း ဖြန့်ကျဲကာ အနွေးဓာတ်စတင် ပေးလျက်ရှိလေသည်။ ထိုကဲ့သို့ သာယာလွန်းလှသော မနက်ခင်းတွင် စားသောက်ရန် ပြင်ဆင်နေသော သက်တန့်လင်းတို့ မိသားစု။
မီးဖိုချောင်ထဲတွင် အုန်းနို့နံသင်းသင်းလေးက မူးရစ်နေသည်။ ဒေါ်ဟေမန်မှာတော့ အုန်းနို့အိုးကိုမွှေရင်း ချွေးပြိုက်ပြိုက်ကျနေသည်။ သက်တန့်လင်းကတော့ ထမင်းစားပွဲဝိုင်းတွင် မုန့်ဖက် ၊ အကြော် ၊ ကြက်သွန်စသည်တို့ကို နေရာချနေသည်။ ဧည့်ခန်းထဲတွင်တော့ ဦးထင်ဆွေနှင့် တေဇာပိုင်တို့ သတင်းနားထောင်ရင်း ဆွေးနွေးနေကြသည်။
"မနက်စာစားလို့ရပြီ..."
အသံကြားသည်နှင့် ဦးထင်ဆွေ၏ ဝှီးချဲကို တွန်းပေးရင်း မီးဖိုခန်းထဲသို့ ဝင်လိုက်လေသည်။
"သင်းနေတာပဲ အုန်းနို့နံ့လေးက"
ဤသို့ဖြင့် လေးယောက်သား စားပွဲတွင် ဝိုင်းလိုက်ကြသည်။ အရှေ့တွင်ရှိနေသော လူသုံးယောက်ကို ကြည့်ပြီး သက်တန့်လင်း ပြုံးမိသည်။ ပြည့်စုံသည့် ထမင်းဝိုင်းလေးပါလားဟုပင် စိတ်ထဲတွင် ကြည်နူးမိသည်။
"သက်တန့် မင်းကရော ရှေ့လျှောက် ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ"
ဦးထင်ဆွေက ဘေးနားရှိ ရေနွေးကြမ်းကို ငုံရင်းမေးလေသည်။
"ကျွန်တော် သင်္ဘောလိုက်ရင်း ဟင်းချက်နည်း သင်ခဲ့ရတယ် ဂျာမန်စာဖိုမှူးက အရမ်းသဘောကောင်းတာ ကျွန်တော်လည်း စိတ်ဝင်စားတယ်ပြောရော ပညာမချန်ဘဲ အကုန်သင်ပေးခဲ့တာ ဒါ့ကြောင့် သင်္ဘောလိုက်လို့ရတဲ့ အရင်းနှီးလေးနဲ့ Bar & Restruant လေးဖွင့်ဖို့ စဉ်းစားထားတယ်"
YOU ARE READING
My Fussy Boyfriend || Completed
Romance(Unicode Zawgyi) (Unicode below) တေဇာပိုင် × သက်တန့်လင်း ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကိုစတွေ့ခဲ့တယ်။ အရွယ်နဲ့မလိုက်အောင် အချစ်လမ်းခရီးဟာ မချောမွေ့ခဲ့ဘူး။ ခက်ခက်ခဲခဲနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အချစ်စစ်တို့မည်သည်...