Unicode below
3 years later....
သုံးနှစ်ဆိုသည့် အချိန်မှာ နေ့စဉ်လှုပ်ရှား သွားလာနေသူတို့ အဖို့တော့ ရှည်လျားလွန်းသည့် အချိန်ကာလ မဟုတ်ချေ။ သို့သော်လည်း ချစ်သူနှင့် ဝေးကွာနေရသည့် တေဇာပိုင့်အတွက်တော့ ယခု သုံးနှစ်တာ ကာလသည် ဆယ်နှစ်မက ကြာသည်ဟု ထင်ရသည်။ အကြောင်းအမျိုးမျိုးကြောင့် သက်တန့်လင်းနှင့် ဝေးကွာခဲ့ရသည်မှာ သုံးနှစ်တိုင်တိုင် ရှိခဲ့ပြီ။
Long Distance Relationship တွေလို နေ့တိုင်းဖုန်းပြော ၊ စာပို့ အလွမ်းသယ်ခြင်းတို့ လုပ်ချင်သော်လည်း ဖြစ်မလာ။ တေဇာပိုင် အကြောင်းကိစ္စ ပေါ်လာ၍ သက်တန့်လင်းနှင့် ရန်ကုန်ကို အတူတူထွက်သွားမည်ဆိုသည့် အဖြစ်မှာ လွဲချော်သွားခဲ့ရသည်။ ရန်ကုန်တွင် ရှိနေစဉ်အတွင်း အဆက်သွယ်လုပ်လျှင် နှစ်ယောက်သား အတူတူ ထွက်သွားဖို့ ဖြစ်နိုင်ခဲ့သေးသည်။
သို့သော်လည်း တေဇာပိုင် မလုပ်နိုင်ခဲ့။ နောက်ဆုံးအနေဖြင့် စကားတောင် ကောင်းကောင်း မပြောလိုက်ရ။ သူ မှတ်မိသလောက်တော့ သက်တန့်လင်း ရေးပေးခဲ့သည့် စာမှာ နောက်ဆုံး ဆက်သွယ်မှု ဖြစ်သည်။ အခြေနေတွေ အားလုံးတည်ငြိမ်သွားပြီး ဆက်သွယ်ရန် ကြိုးစားတော့လည်း သက်တန့်လင်းက သင်္ဘောလိုက်သွားလေသည်။ ဘယ်သွားပြီး ဘယ်လို ဆက်သွယ်ရမှန်းမသိတော့။ သက်တန့်လင်း ပြန်လာမည့် ရက်ကိုသာ လက်ချိုးရည်ပြီး တေဇာပိုင် စောင့်မျှော်ခဲ့သည်။
အချိန်ယန္တရားကြီး လည်ပက်မှုနှင့်အတူ ပြောင်းလဲမှုများလည်း ရှိခဲ့သည်။ ပက်ဝန်းကျင် အခြေနေတွေက သိသိသာသာကြီး ပြောင်းလဲမှု မရှိခဲ့သော်လည်း တေဇာပိုင် တစ်ယောက်တော့ ပြောင်းလဲခဲ့သည်။ အရင်ကလို သပ်သပ်ရပ်ရပ် ခန့်ခန့်ညားညားဖြင့် စတိုင်ကျကျ နေတက်သော တေဇာပိုင် မဟုတ်တော့။ မျက်နှာပေါ်တွင် မရှင်းမလင်းထားသော နှုတ်ခမ်းမွှေးတို့က ထင်းနေသည်။ ဆံပင်တွေမှာလည်း ဆီမလိမ်းထားသဖြင့် ရှုပ်ပွနေသည်။
ခန္ဓာကိုယ်မှာတော့ သက်တန့်လင်း အကြိုက်သို့ ပြောင်းလဲသွားခဲ့သည်။ သက်တန့်လင်းကို လွမ်းတိုင်း တေဇာပိုင် အားကစား တစ်ခုခုလုပ်တက်သည်။ ရေကူးလျှင်ကူး မဟုတ်လျှင် ပြေးနေတက်သည်။ အားကစားရုံကိုလည်း နေ့တိုင်းသွားပြီး ကစားလေ့ရှိသောကြောင့် Bodyမှာ တောင့်တောင့်တင်းတင်း ဖြစ်လာသည်။ ဗိုက်မှာလည်း အရင် သက်တန့်လင်း စတက်သည့် ဗိုက်ရွှဲကြီး မဟုတ်တော့ဘဲ Abs ခြောက်ခုက အမြောင်းလိုက် ထလာသည်။
YOU ARE READING
My Fussy Boyfriend || Completed
Romance(Unicode Zawgyi) (Unicode below) တေဇာပိုင် × သက်တန့်လင်း ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကိုစတွေ့ခဲ့တယ်။ အရွယ်နဲ့မလိုက်အောင် အချစ်လမ်းခရီးဟာ မချောမွေ့ခဲ့ဘူး။ ခက်ခက်ခဲခဲနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အချစ်စစ်တို့မည်သည်...